Part 27

1K 96 14
                                    

"ချစ်တယ် ပြောပြီး မှ ပြန်ရုပ် သိမ်းရင် ကိုယ်
မင်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်တော့မှာနော်။ "
ဂျိန်း ၏ကိုယ်လုံးလေး ကို ရင်ခွင်ထဲဆွဲသွင်းထားရင်း မှ ပြောလိုက်သည်။ ထိုအခါသူမက ရင်ခွင်ထဲမှရုန်းထွက်လိုက်ရင်း ဘန့်မျက်နှာကို စေ့စေ့ကြည့်လို့နေသည်။

" ရှင် နော် တစ်ဇွတ်ထိုးလုက် တစ်ဇွတ်ထိုးပြောတာ
သိပ်ကိုများနေပြီ"

ပတ်တီး ဖြူဖြူ စည်းနှောင်လိူ့ထားသည့် ဘန့်၏
လက်ကောက်၀တ်မှဒဏ်ရာကို ကြည့်ကာ သူမက
မျက်စောင်းထိုးသည်။

"အဲ့ဒီလိူ မျက်စောင်းထိုးတာလေးက အစ ကိုယ့်
အမျိုးသမီး က ချစ်ဖို့ကောင်းနေတော့တာပဲ"

"တော်ပါ အပိုတွေ လာပြောမနေနဲ့ ရှင် ကျွန်မကို
တစ်ကယ် ချစ်ရင် ကတိတစ်ခုပေး မာနိုဘန်"

" ကဲ ဘာကတိလည်း တစ်ခုမက ဘူး အခု
တစ်ရာပေးလို့ရတယ်"

သူမ လက်ဖဝါးလေးများကို ဘန်ဖွဖွလှမ်းဆူပ်ကိူင်
လိုက်ရင်းပြောလိုက်သည်။

" အခုလိုမျိူး ကိုယ့်ကိုကိုယ်ဒဏ်ရာရအောင်
နောက်ဘယ်တော့မှမလုပ်တော့ပါဘူးလို့"

" ပေးတာပေါ့ ဂျိန်းရယ် ကိုယ်သိပ်ကို ကတိပေးနိုင်
တာပေါ့ ဂျိန်း သာ ကိုယ့်ကို ဘယ်တော့မှ မချစ်တော့
ဘူးဆိုတဲ့စကားမပြောကြေး"

"အွန်း"

"ပြွတ်စ်" 💋

ပန်းနု ရောင် သန်း၍ရှက်သွေးဖြာနေသည့် သူမ၏
ပါးပြင်လေးအား ပြွတ်ခနဲ မြည်အောင်ဘန်နမ်းပစ်
လိုက်သည်။ ပြီးတော့ နဖူး ၊နှုတ်ခမ်း နေရာစုံနေ
အောင် အနမ်းဗုံးတွေ  ကြဲချလိုက်တော့ သူမ က ရှက်
ကာ ဘန့်၏ ရင်ဘက်ကို လက်သီးဆုပ် သေးသေးလေးဖြင့် မနာအောင်ထုလေတော့သည်။
အနှစ်နှစ် အလလ စောင့်မျှော်နေခဲ့ရသည့် အခိုက်အတန့် လေးမို့ ဘန် အတိုင်းမသိ ဝမ်းသာပျော်ရွှင်လျက်
ရှိသည်။

"ရှင် သိလား ဘန် . .ကျွန်မ ရှင်ပို့ပေးတဲ့ နေကြာပန်း
တွေကို မပစ်ရက်ခဲ့ဘူးဆိုတာ "🌻

.............................................................
" ဆောယွန်း အဆင်ပြေရဲ့လား"

မနက် မိုးလင်း ပြီဖြစ် ၍ အိပ်ရာမှ ထကာ ဆောယွန်း
ရှိသည့် ဆေးရုံအခန်းနံပါတ် ၁၀၁သို့ မာန်ိုဘန်
ထွက်လာခဲ့သည်။ ဂျိန်းအိပ်ပျော် နေသည်ကိုမနိူး
ရက်သဖြင့် ဘန်တစ်ယောက်တည်းထွက်လာခဲ့သည်။

မရှိမဖြစ် မင်း Where stories live. Discover now