Part 25

1.1K 93 5
                                    

" ကျွန်မ ဘက်ကတော့ဘာမှပြောစရာမရှိဘူး"

ထွက်သွားမည်ကြံရွယ်သည့် သူမ ၏ လက်ကောက်
၀တ်ကို ဘန် ဆွဲထားလိုက်သည်။

"ဒီလိုဆိုရင်ကောလား ပြွတ်စ် . .💋💋💋💋💋"

သူမ ၏ ပါးပြင်နုနုအုအု ကလေးများကိုလက်ဖဝါး
နှစ်ဖက်ဖြင့် ကိုင်လျက် နှုတ်ခမ်း ဖူးဖူး
လေးများသို့ အတင်းဖိ ၍ နမ်းပစ်လိုက်တော့သည်။
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် သူမကိုလွှတ်
ပေးလိုက်၏။ ထိုအခါမှဂျိန်းသည် အသက် ဝဝရူ
ရပုံပေါ်သည်။

"ရိုက်ဦးလေ ဂျိန်းရဲ့. . ဂျိန်းရဲ့အသားကို ခွင့်ပြုချက်
မရပဲထိလို့ ကိုယ့်ကို ရိုက်လိုက်စမ်းပါဦး"

ပါးပြင်ကို ဂျိနိး ၏ ရှေ့သို့ထိုးပေးလိုက်သည့်အခါ
ဂျိန်းမှ ဘန့်အား အဓိပ္ပါယ်ဖော်ရခက်သည့် အကြည့်
တို့ကို ပေးလေသည်။ ပြီးနောက်. .

" ကျွန်မ ခြေကုန်လက်ပန်းကျနေပြီ ရှင့် ကို
ရိုက်လို့လည်း ရှင့်ရဲ့ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ကပျောက်မှာ မှမဟုတ်တာ"

" မင်း သာ ဆုံးမရင်ကိုယ်နာခံမှာပါ မင်းက သေဆို
သေ ၊ ရှင်ဆိုရှင်မယ်၊ ဂျိန်းရဲ့ နှုတ်ကထွက်ကျလာ
သမျှ စကားလုံးတိုင်း စကားလုံးတိုင်းကို ကိုယ့်
ရင်ထဲအသည်းထဲစွဲနေအောင်မှတ်ထားမယ်
မုန်းတယ်ဆိုရင်လည်း မုန်းတယ်လို့ အော်ဟစ်ပြော
လိုက်ပါလား ဂျိန်းရယ်. .ကိုယ် လေ ကိုယ်သိပ်ပင်
ပန်းတယ် . . ဟိုစကားကိုကြားဖူးလား ဂျိန်း

" သူ မချစ်နိုင်မှန်းသိတဲ့အခါ အသည်းတစ်ခြမ်းကွဲ
ရတယ်တဲ့. .ကိုယ်မစွန့်လွှတ်နိုင်မှန်းသိတဲ့အခါ နောက်
အသည်းတစ်ခြမ်းပါထပ်ကွဲရတယ်တဲ့"
(ဆရာတက္ကသိုလ်ဘုနိးနိုင်)

ရင်ဘက်တစ်ခုလုံးစုတ်ပြတ်သတ်နေပြီဂျိန်းရဲ့

မင်း သိလား"

သူမ ဘန့်ကို ငူငူ ငိုင်ငိုင် ဖြင့်စိုက်ကြည့် လို့လာသည်။
ခါတိုင်းလို ဒေါသမီးလျှံ တောက်လောင် နေသည့်
မျက်၀န်း မျိုး ဖြင့် မဟုတ်ခဲ့ပေ။

" ကျွန်မ ကျွန် မ . . . .ကို ပြန်ပို့ပေးပါကျေး
ဇူး ပြုပြီး. . ."

သူမ အသံတွေ တုန်ရီနေသည်။ သူမ ၏ နဖူးတွင်
ချွေးများစို့လို့နေသည်။ ဘန် ဘာစကားမျှဆက်
မပြောတော့ပဲ ဂျိန်း ကို သူမ ဆန္ဒ အတိုင်း companyသို့သာ ပြန်ပို့ခဲ့သည်။

မရှိမဖြစ် မင်း Where stories live. Discover now