"ငါ မပြောဘူးလား ဂျိန်း မြွေမြွေချင်းခြေမြင်တတ်
ပါတယ် ဆို "
"မျက်နှာပြောင်တိုက်လိုက်တာ ဟာ နင့်နေရာမှာ
ငါသာဆို ပါး ကျိူးအောင် ရိုက်ပစ်တယ်"
"ကြာပါတယ် ဒီဟာမ ကိုမှတ်လောက်သား
လောက်အောင် ဆုံးမပြစ်မယ်"
စိတ်မရှည်တတ်သူတစ်ယောက်ဖြစ်သည့် ချယ်
ယောင်း အား ဂျိန်း မှအတင်းဆွဲထားရသည်။
"ဟဲ့ မလုပ်ပါနဲ့ဟယ် စိတ်ကိုအေးအေးထားပါ
ယောင်းရဲ့"
"ဂျိနိး နင်တကယ်ပဲတုံးတာလား ဒါမှမဟူတ်အဲ့လောက်ထိသွေးအေးတာလား"
ဘာမှမဖြစ်သလိူမျိူး ခပ်အေးအေး နေ နေသည့်
ဂျိန်းကို ဆူး အားမလိူအားမရဖြစ်မိသည်။
ဆူးတို့ သာ ဆိုလျှင် ကို့ချစ်သူကို စနိုက်ကြော်ဖို့
စဥ်းစားနေသည့် မိန်းမ အား မှတ်သားလောက်
အောင် ပြောဆို ပြစ်လိူက်မှာပင်။ မဟုတ်ဘူး
ဆွဲ ပြီးရိုက်ပြစ်လိုက်မှာ။
"တစ်ချို့အရာတွေက စိတ်ထင်တိုင်းေလျောက်
လုပ်နေလိူ့မရဘူး စိတ်လိုလက်ရလုပ်မိရင်သူ့
အလွန်ကနေ ငါ့အလွန်ဖြစ်သွားမှာပေါ့"
"ဒါပေမယ့်အဲ့ဟာမ က နင့်လူကိုပေါ်တင်နိူက်ဖို့
ပြောနေတာလေ ဘယ်လောက်အရှက်မရှိလိုက်
သလည်း"
" အေးဆေးပေါ့ ယောင်းရယ် နင်တို့ငါ့အတွက်
မခံနိုင်ဖြစ်နေတာကိုငါသိပါတယ်
ငါ့အကြောင်းလည်း နင်တို့သိတာပဲ . .ငါ အချစ်
အတွက် နဲ့ ပူလောင်မနေချင်ဘူး. .
ငါ့ အဖေတုန်းကခံရတာနဲ့တင်လုံလောက်နေပြီ
တကယ်လို့သူက မာန်ုဘန့်ကိုလုယူလိူ့ရရင်
လည်း ရပါစေ အကုန်လုံးက မာန်ိဘန့်အပေါ်မှာပဲ
မူတည်တာ . ."
"ဟုတ်တယ် ယောင်း ဂျိန်းပြောတာလည်း သဘာဝ
ကျပါတယ်"
ဆူးမှဂျိန်း၏စကားကို၀င်ကာထောက်ခံလိူက်သည်။
"ဘန် သာ ဂျိန်းကိုတစ်ကယ်ချစ်ရင် အဲ့ဒီလိူတွေ
အဖြစ်ခံမှာမဟုတ်ဘူး ကာယကံရှင်ရဲ့ သဘော
မပါပဲအတင်းလုပ်ယူလိူ့မရပါဘူး"
"အဲ့တာထားပါ ငါ မေးမယ် ဂျိန်း နင် ဘန့်ကိုတစ်
ကယ်ရောချစ်ရဲ့လား"
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
