စက္ကန့်ပိုင်းလေး ၊တစ်ကယ့်ကိုစက္ကန့် ပိုင်းလေးတင်
သူမ ၏ အငွေ့အသက်လေး အား နီးနီးကပ်ကပ်
ခံစားလိုက်ရသည်။" ဖြောင်း"
ပါးပြင်ပေါ်သို့လက်၀ါးဟာ ဖြောင်းခနဲ။ ပါးတစ်ဖက်
ဟာ အနည်းငယ်ပူထူသွားပေမယ့် ထိုအခိုက်အတန့်
လေးက တန်ပါတယ်။"ရိုက်ပါဦး ဂျိန်း ထပ်ရိုက်လိုက်စမ်းပါဦး . .
ဂျိန်း ရိုက်သမျှကိုယ် ခံပါ့မယ် တန်ပါတယ်"ပါးတစ်ဖက်အား သူမ ထံထပ် ထိုးပေးလိုက်သည်။
သူမ လက်ဖ၀ါးနုနုကလေးများဖြင့် ဘန့်၏ပါးပြင်
အားထိတွေ့မည်ဆိုလျှင် အရိုက်ခံရသော်ငြား
လည်း ဘန် ကျေနပ်သည်။" ရှင် ရှင်. ."
မျက်ထောက်နီနီများဖြင့် ဘန့်အားစိုက်ကြည့်
နေသော သူမ ။ သူမ၏မျက်၀န်းထဲမှ ဒေါသရိပ်
တို့ကို ဘန် မြင်ရသည့်အခါ ရင်ဘက်ထဲက ဆစ်ခနဲ
နာကျင်သွားသည်။" ရှင့် ကိိုဒီလောက်ထိအောက်တန်းကျလိမ့်မယ်
လို့ထင်မထားဘူး . ""အောက်တန်းကျတယ်ပြောလည်းခံရမှာပါပဲ
ကိုယ် က မင်းလို သွေးအေးတဲ့မိန်းမ တစ်ယောက်
ကိုမှချစ်မိနေတော့လေ""ဟုတ်တယ်ကျွန်မ ကသွေးအေးတယ်
ဒါတင်မကသေးဘူး အဆိပ်လည်းပြင်းတယ်
အရင်ကတော့ ရှင်က ကျွန်မဆရာရဲ့ သားမလို့
အလိုက်အထိုက်ဆက်ဆံပြီး နေပေးခဲ့တာ
ခုတော့ ရှင့်ကိုကျွန်မ ရွံတယ်
ဒီနေရာကနေ ချက်ချင်းထွက်သွားပါ""ဘာဖြစ်လို့အဲ့ဒီလောက်တောင်ခါးသီးနေရတာ
လည်း ဂျိန်း၊ မင်းကိုယ့်ကို မမုန်းပါဘူး ကိုယ်
သိတယ်""ကျွန်မ အသားကိုအခုအချိန် အထိ ဘယ် သူစိမ်းမှ
လက်လွတ်စပယ်မထိဖူးဘူး . .ရှင်
မှားသွားပြီမာနိုဘန် ကျွန်မကိုအခူလိုလာမကြောနဲ့""ဂျိန်း ကိုယ် မင်းအချစ်ကိုလိုချင်ရုံလေးပါ
ကိုယ်ခံစားချက်တွေ မထိန်းချုပ်နိုင်လိုက်ပဲ ဖြစ်
သွားတာ ကိုယ်တောင်းပန်ပါတယ်ကွာနော်"သူမ လက်ကို ကိုင်မည်ကြံရွယ်တော့ သူမက နောက်
သို့ခြေလှမ်းဆုတ်သွားသည်။
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။