Part 9

930 80 7
                                    

"ဘာ ဆိုလ်းကို ပြန်လာရမယ်ဟုတ်လား"

"ဟုတ်တယ်ဂျာကြီး တရုတ်ကလာတဲ့ ဖောက်သည်
တွေက ဂျာကြီးမှလာမကြိုရင် မဖြစ်ဘူးဆိူလို့"

"ဒါပေမယ့် ဒီမှာ ကစက်ရုံတောင်သွားမကြည့်
ရသေးတဲ့ဟာ. . .

ကောင်းပြီ ကောင်းပြီ ဒါဆိုကိုယ်နေ့လည် ရထားနဲ့
ပြန်လာခဲ့မယ်"

ပြန်ရတော့မည် ဟူသည့်ခံစားချက်ကြီးက အင်မတန်
၀မ်းနည်းစရာကောင်းလှသည်၊ အစက တော့စိတ်
ကူးထားတာ ဒီမှာ အေးအေးဆေးဆေး သုံး
လေးရက်နေပြီးမှ ဆိုလ်းကိုပြန်မယ်လို့၊ ဒါပေမယ့်
စိတ်ကူးထားတဲ့အတိုင်းဖြစ်မလာတော့၊
အရေးကြီး အလုပ်ကိစ္စပေါ်လာ၍ အလောတစ်ကြီး
ပြန်ရတော့မည်။

"ဂျိန်း. .."

ဂိုဒေါင်ထဲတွင် ဂင်ချီ ပါကင်တွေကိုစစ်ဆေးလျက်
ရှိနေသည့် ဂျိန်းကို အနောက်မှခေါ်လိုက်သည်။
သူမလှည့်ကြည့်လာသည်။ မျက်၀န်းတွေက
အသက် မပါသလို။ ဘန်နဲ့ပက်သက်လာလျှင်
သူမ သည် မျက်၀န်းတွေကအစ အသက်မဲ့နေခဲ့တာလား။

"ကျွန်တော် ပြန်ရတော့မယ် ဂျိန်း"

သူမ အတန်ကြာတိတ်ဆိတ်သွားသည်။

သူမ လက်ထဲတွင် ကိုင်ထားသည့် အဖြူရောင်
ဘောပင်လေး တွင်ပါသည့် နှိပ်ခလုတ်လေးအား
အသံ မြည်အောင် နှစ်ချက်၊သုံးချက် ဖိနှိပ်လိုက်
ပြီးနောက်. . .

"ဘယ်အချိန် ပြန်မလည်း မာနိဘန်ရှီး"

"ဒီနေ့ နေ့လည်"

"ကျွန်မ က စက်ရုံကို ဒီနေ့နေ့လည်လိုက်ပို့မလိူ့ပဲ
ရှင့်မှာအလုပ်ရှိတယ်ဆိုတော့ဘယ်တတ်နိုင်မ
လည်း ၊နေ့လည် ထမင်းစားပြီးမှ ပြန်ပါ. .
ကျွန်မ ကားစီစဥ်ပေးလိုက်ပါ့မယ်"

" ဟုတ်ကဲ့ ဂျိန်း
အရောင်းပြ ပွဲနေ့မတိုင်ခင် တစ်ရက်လောက်တော့
ဆိုလ်းကိုကြိုရောက်ဖို့လ်ိုမယ်နော်"

"ဟုတ်ကဲ့။နမူနာ ပ စ္စည်းတွေကို သုံးလေးရက် လောက်နေရင် ကျွန်မ ပို့ပေးလိုက်ပါ့မယ်. .

မနေ့က စိုက်ခင်းကို သေချာကြည့်ခဲ့ရပြီဆိုတော့
မာနိုဘန်ရှီးက ဆရာ့ကို ကောင်းကောင်း အစီရင်ခံ
လိမ့်မယ်လို့မျှော်လင့်ပါတယ်"

မရှိမဖြစ် မင်း Where stories live. Discover now