Part 23

810 79 13
                                    

"မာနိုဘန် ရှင် ရှင် မသေဘူးနော်"

ဂျိန်းရှေ့မှာ မတ်တပ်ရပ်နေသည့် မာနိုဘန့် ကိုတင်း
ကျပ်စွာခါးမှ ဖက်ထားရင်း ဂျိန်းပြောလိုက်သည်။
၀မ်းသာ၀မ်းနည်း မျက်ရည် တို့ကြောင့် ဂျိန်း၏ ကိုယ်လုံးလေးသည် တစ်သိမ့်သိမ့်တုန်လျက်ရှိသည်။

" ကိုယ်ကဘာလို့သေရမှာလည်းဂျိန်းရဲ့. .

ကိုယ် လွယ် လွယ်မသေနိုင်ပါဘူး"

ပျောက်သွားသည့်နေ့က ၀တ်ဆင်ထားသည့် ဘန့်၏
ရှပ်အကျီအဖြူသည် အညိုရောင် သန်းလျက်ရှိသည်။မျက်တောင်ပုတ်ကလပ် ပုတ်ကလပ် ခပ်ကာ
ဖြင့် မာနိုဘန့်၏ မျက်နှာကို ဂျိန်း မော့ကြည့်လိုက်သည်။ စူးရှသည့်မျက်၀န်းတိူ့သည် အရင်လိုပါပဲလား။

" ကျွန်မ ရှင့် ကိုမတွေ့ရတော့ဘူးထင်နေတာ

ရှင်ဘယ်တွေရောက်နေခဲ့တာလည်း မာနိုဘန်"

"ကိုယ့်ကို အရင်အိမ်ထဲ၀င်ခွင့်ပေးဦးလေ"

ထိုအခါမှ ခါးကိုဖက်တွယ်ထားသည့် ဂျိန်း၏ လက်
ချောင်းလေးများသည် ပြေလျော့သွားသည်။
ခြံထဲတွင် မတ်တပ်ရပ်လျက်ရှိရာမှအိမ်ထဲသို့၀င်ခဲ့ကြသည်။ မာနိုဘန့်ကို မြင်လိုက်ရ၍ ထိတ်လန့်တုန်လှုပ်
သွားကြသည့် ဆူး ချယ်ယောင်းနှင့် အိမ်အကူမလေး
တို့သည်လည်းနောက်မှလိုက်ပါ လာကြသည်။

ခုနက မှောင်မှောင်မည်းမည်း ဖြစ်နေသည့်အတွက်
မာနိုဘန့် ကိုကောင်းမွန်စွာရှင်းရှင်းလင်းလင်းမမြင်ခဲ့
ရပေ။ ယခု အိမ်အတွင်းရှိမီးအလင်းရောင်အောက်
တွင် မာနိုဘန်သည် တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်တို့ ဖြင့် ပြည့်နှက်နေသည်။ ဦးခေါင်းတွင်လည်း
ပတ်တီးဖြူဖြူဖွေးဖွေး တစ်ခုစည်းထားလျက်ရှိသည်။ မျက်နှာ တစ်ပြင်လုံးသည် အထိူးခံထား
ရ ဟန်ရှိသည်။ အညိုအမဲ အပေါက်အပြဲရာများ အပြည့် ဖြင့်ပင်။

" ဒီ ဒဏ်ရာတွေက ဘယ်လိုဖြစ်လာတာလည်း မာနိုဘန် ရှင် ဘယ်တွေရောက်နေခဲ့တာလည်း"

" ကိုယ် လူရိုက်ခံခဲ့ရတာ ဂျိန်း ပြီးတော့ ကိုယ့်ရဲ့ကား
ဖုနိး အကုန် ပါသွားတယ်"

"ဘုရားရေ"

အားလုံးက ၀ိုင်း ပြီးဘုရားတလိုက်ကြသည်။

မရှိမဖြစ် မင်း Where stories live. Discover now