Part 5

1K 77 5
                                    

"မစ်ရူဘီဂျိန်းက နယ်မှာနေတာဆ်ိုတော့ ဆိုလ်းကို
လာတဲ့နေ့မျိူး ဆို ဘယ်မှာတည်းသလည်း"

ကားစတီယာတ်ုင်ကိုညာဘက်သ်ု့ ကွေ့နေရင်းက
သူမ မျက်နှာကိိုမကြည့်ပဲ မေးလိုက်သည်။
လီဆာ့ မေးခွန်းကိုမကြားသလ်ို သုံးမိနစ်ခန့်ငြိမ်
သက်ပြီးတဲ့နောက်မှာ သူမ ဆီကစကားသံထွက်ပေါ်လာသည်။

" ကျွန်မ ဘယ်မှာမှမတည်းဘူးရှင့်"

"ဗျာ"

သူမ၏ အဖြေစကားကြောင့် လီဆာထိတ်လန့်သွား
ရသည်။ အကြောင်းမှာ . .သူမ နေသော
ဟုန်းဂျူ ဆိုသည့်နယ်လေးသည် ဆ်ူးလ်မြို့ကနေ
ဆ်ုလျှင် လေး ငါးနာရီလောက် ကားမောင်းသွားရ
၍ဖြစ်သည်။

"ဒါဆိုနေ့ချင်းပြန်တာပေါ့"

"ဟုတ်ကဲ့"

"မ​ေ၀းလွန်းဘူးလား မစ်စ်ရူဘီဂျိန်း. .
မိန်းကလေးတစ်ယောက်တည်း ခရီးအ​ေ၀းကြီးကို
အသွားအပြန်လုက်နေရတာ အန္တာရယ်များ
ပါတယ် တစ်နေရာရာမှာ ညအိပ်တည်းလို့ရမယ့်
နေရာမရှိဘူးလား"

" ရှင့်ကိုလေ လာလီဆာမာန်ိုဘန်လို့မခေါ်ပဲ
ငပိချက်လ်ု့ခေါ်ဖို့ကောင်းတယ်"

မျက်မှောင်ကြုတ်ကာ သူမ ပြောလ်ုက်သည့်စကား
ကြောင့်လီဆာ ခေါင်းရူပ်သွားရပြန်သည်။

"ခင်ဗျာ ဘာလ်ို့လည်းဟင်"

"ပါလေရာ ငပိချက်တဲ့ ရှင်မကြားဖူးဘူးလား"

"ကျွန်တော်ကစိူးရိမ်လ်ို့ပါ"

"ကိုယ့်ကိုကိုယ် ကျွန်မ စောင့်ရှောက်နိုင်ပါတယ်
စိတ်ပူပေးလို့ကျေးဇူးပါပဲ
ရှေ့နားမှာရပ်လိုက်ရင်ရပြီ လမ်းလျောက်သွားလိုက်မယ်"

သူမ လက်ညိူး ညွှန်ရာကို လှမ်းကြည့်လိုက်တော့
ဘတ်စ်ကားမှတ်တိုင်နှင့်မလှမ်းမကမ်း သစ်ပင်ကြီး
တစ်ပင် အောက်ဖြစ်သည်။ ထိုရှေ့သို့ရောက်သည်နှင့်
ကားစက်ကိုအရှိန်သတ်လိုက်သည်။

သူမသည် ကားပေါ်ကဆင်းရန် ခါးတွင်ပတ်ထားသည့် ထ်ုင်ခုံခါးပတ်ကို သူမ၏လက်ချောင်းများဖြင့်
ဆွဲ ဖြုတ်နေသည်။ ခါးပတ်က ကျပ်နေသဖြင့်
အခက်အခဲတွေ့နေရှာသည့်သူမ အား ကူညီရန်
လီဆာသည်သူ၏ခါးပတ်အား အရင်ဖြုတ်ကာ
ကိုယ်ကိုသူမ ရှိရာဆီသို့ ကိုင်းညွတ်လိုက်သည်။
သူမ ၏ ခန္ဓာကိုယ် လေး အပေါ်သ်ု့ လီဆာ၏လက်
ချောင်းတို့ဖြတ်ကျော်ကာ သူမ၏ အသက်ရူငွေ့
တို့သည် လီဆာ့၏ပါးပြင်ပေါ်သို့ မထိတစ်ထိ ကျ
ရောက်လျက်ရှိ၏။ ကားထိုင်ခုံခါးပတ်ဖြုတ်ပေး
လိုက်သည်နှင့် သူမ က လီဆာ့အားနှုတ်ဆက်စကား
တောင်မဆိုပဲ ကားပေါ်မှဆင်းသွားခဲ့တော့သည်။
သူမ ၏လျင်မြန်သွက်လက်သည့်ခြေလှမ်းတို့ဖြင့်
ဘတ်စ်ကားတစ်စီးပေါ်သို့ တက်သွားသည့်ပုံရိပ်ကို
ငေးမျှော်ကြည့်နေခဲ့သည်၊ ထိုဘတ်စ်ကားလေး ထွက်ခွာသွားသည့်နောက် ဟာတာတာဖြင့် လီဆာ ကျန်
ခဲ့ရသည်။တစ်ခုခုဆုံးရူံးလိုက်ရသလိုမျိူး💔

မရှိမဖြစ် မင်း Where stories live. Discover now