" ဘယ်လိူဖြစ်ရတာလည်း အိုင်ရင်းရှီး. .
မာနိုဘန် က ဘယ်ထွက်သွားတာလည်း"
"အဲ့တာကိုသိရင် ရင်းတို့ဒီလိုနေပါ့မလား မစ်ဂျိန်း
ရယ် အခုဟာကတစ်ရုံးလုံးလည်းအုတ်အော်
သောင်းနင်းဖြစ်နေပြီ ။ CEOကလည်းသူ့သား
ပျောက်လို့ သိပ်စိတ်ထိခိုက်နေတာ။
ဒုက္ခပါပဲ ဂျာကြီး ဘာဖြစ်နေပြီလည်းမသိဘူး"
သတင်းရရချင်း ဂျိန်း တို့ သူငယ်ချင်းသုံးယောက်
အပြေးအလွှား ဆိုလ်း သို့လာခဲ့ကြသည်။
မာနိုဘန့်ကို စိတ်ဆိူးပေမယ့် ဒီလိုရုတ်တစ်ရက်
ပျောက် သွား သည်ဆိုသဖြင့် ဂျိန်း စိတ်မပူပဲမနေ
နိုင်ပေ။ ဂျိန်းဟာ သူမရဲ့ခံစားချက်တွေကိုအမြဲ
သို၀ှက်ထားနိုင်တဲ့သူတစ်ယောက်ဖြစ်သည်။
"ရဲကို ရောအကြောင်းကြားထားပြီးပြီလား"
"ပြီးပြီ . .ဒါပေမယ့်ပျောက်သွားတဲ့အချိန်က. .
မစ်ဂျိန်းကို ဟိူတယ်လိုက်ပို့ ပြီးအပြန်မှာတဲ့"
"ရှင်. ."
ဂျိန်း မျက်၀န်းတို့ ပြူးကျယ်သွားရသည်။ မာနို
ဘန် ဘာတွေဖြစ်ခဲ့တာလည်း။ ဟိုတယ်ကိုလိုက်ပို့
ပြီးအပြန် သူ ဘယ်တွေသွားနေခဲ့တာလည်း။
ဂျိန်းကြောင့်များလား။ အပြစ်မကင်းတဲ့အတွေး
တို့သည် ဂျိန်း ရဲ့ခေါင်းထဲသို့ များစွာ၀င်ရောက်
လာတော့သည်။
" ဂျိန်း နင့်ကိုလိုက်ပို့ ပြီးအပြန်တဲ့. .ဘယ်လို
လည်း ဘန် တစ်ခုခူထူးဆန်းနေတာရှိလား ဂျိန်း"
ယောင်းမှ ဂျိန်းအား ထမေးလိုက်သည်။
" သူ ငါ့ကိုလိုက်ပို့ ပြီး ကားမောင်းထွက်သွားတာပဲလေ။ ငါ. .ငါလည်း သူ အိမ်ပြန်တယ်ထင်တာပေါ့"
ဂျိန်း ၏အသံမှာအနည်းငယ်တုန်ရီနေ၏။
"ဂျိနိး . .နင် ဘန်နဲ့စကားများခဲ့သေးလား"
" ဟို . .ဟို. ."
တုန် တုန် ရီရီဖြစ်နေတဲ့ ဂျိန်း၏ လက်ဖ၀ါးများအား
ဆူး မှ ဆူပ်ကိုင်လိုက်လေသည်။
" ဟုတ်တယ် . .ငါ တိူ့ စကားများခဲ့ကြတယ်. .
အဲ့တာကြောင့်များလား ဟင် ဆူး. .
YOU ARE READING
မရှိမဖြစ် မင်း
ФанфикшнTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
