Part 39

374 41 4
                                    

"အဖြူ​ရောင်နဲ့ဂျိန်းက သိပ်လိုက်တာပဲ. .
လှလိုက်တာကွာ. .ဒီအချိန်မှာ ​သေ သွားရမယ်ဆိူ
ရင်​တောင်​ ကိုယ် ​သေရကျိူးနပ်ပါတယ်"🌸🌻

"မနက်ဖြန်ပဲမဂ်လာ​ဆောင်ရ​တော့မယ် ရှင်က ကျွန်
မကို ထားသွား​မယ့် စကား​ပြော​နေတာလား
မစ်စတာ မာနိုဘန်ရဲ့ ​သေလို့မရ​သေးပါဘူး
ရှင့် ကို ဂျိန်းက နှိပ်စက်ရဦးမှာ"

"အဲ့ဒီ လိူနှိပ်စက်မူ မျိူးသာဆိုရင်​လေ ဆယ်ဘ၀
စာမက နှိပ်စက်ခံလိုက်ချင်​သေးရဲ့"

မျက်စိ​ရှေ့တွင် အဖြူ​​ရောင်သတို့သမီး၀တ်စုံ က​လေးဖြင့် အသက်ရူမှား​လောက်​အောင် လှရက်​နေသည့်
သတို့သမီး​လောင်း​လေး အား ဘန် ​​ငေးကြည့်ရင်း
ဝမ်းသာမျက်ရည်ကျရသည်။ မနက်ဖြန် ဆ်ု လျှင်
ဒီ အမျိုးသမီး​လေး ကို ဘန် တရား၀င် ပိုင်ဆိူင်ရ
​တော့မည်။ ထိုကဲ့သို့ ​နေ့မျိူး​ရောက်အောင် ဘန် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ သူမ ၏အချစ်ကိုရဖို့ ဘန့်အတွက်မလွယ်ကူခဲ့ ။ ရင်တွင်းဒဏ်ရာအပြည့်ဖြင့် သူမ ကို ဘန်နှစ်သိမ့်​ပေးချင်ခဲ့သည်။ သူမ တွန်းထုတ်​နေသည့်ကြား မှဘန် သူမ အနားသို့​ရောက်​အောင်သွားခဲ့သည်။ တစ်ခါတစ်​​လေ သူမ ကိုလက်​လျော့ချင်ခဲ့ဖူးသည်။ သို့​ပေမယ့်နှလူံးသားက ခွင့်မပြုခဲ့။
​အေးစက်​​​​နေသည့် သူမ၏ ဘ၀ကို ဘန် ​နွေး​ထွေး​စေ
ချင်ခဲ့သည်။ ဒီ​လို​နေ့မျိူး​ ​တွေ​ရောက်လာဖို့ ဘန်
မရဲတရဲ​မျှော်လင့်ခဲ့ရ သည်။ 

Soulmate တဲ့။ ကျွန်​​တော်တို့တစ်​တွေဟာ ​​မွေးဖွား
လာရတယ်။ ပြီး​​တော့ ​သေဆုံးသွားရတယ်။
ဒါ​ပေမယ့် ရှင်​သန်​နေချိန်ကာလအတွင်းမှာ​တော့
ကိုယ့် ရဲ့ဖြစ်တည်မူကိုနားလည်လက်ခံပြီး ​အနား
မှာ အတူတူရှိ​နေ​ပေး မယ့် လူတစ်​ယောက်လိူအပ်ပါတယ်။ ဒါမှလည်းကျွန်​တော်တို့ရဲ့​​နေ့စဥ် ရှင်သန်ခြင်း
​တွေ ဟာအဓိပါယ် ပြည့်စုံမှာပါ။ ကိုယ့်ကိုချစ်
တဲ့သူ ကိုယ်ကလည်းချစ်တဲ့သူ ၊ ​​​လောကကြီးတစ်
ခုလုံးက ကြမ်းတမ်းခက်ခဲမူ​တွေနဲ့ ပြည့်နှက် ​နေပါ
​စေဦး . . အဲ့ဒီလူရဲ့ဖြစ်တည် မူ​လေး တစ်ခုက ကျွန်​တော်တို့အတွက် အသက်ရူ​ပေါက်တစ်​ပေါက်ပါပဲ။ ဘန်ဟာ ဘန့်ရဲ့ soulmateကိုရှာ​​တွေ့ခဲ့ပါပြီ။

မရှိမဖြစ် မင်း Where stories live. Discover now