" မနက်ဖြန် ကျ ထမင်းစားဖို့လာခဲ့ဦးလေ "
"အေး အားရင်တော့လာခဲ့ပါ့မယ်"
"ဒေါ်လေးရော နေကောင်းရဲ့လား"
"ထုံးစံအတိုင်းပဲပေါ့ အသက်ကြီးလာတော့တစ်နေ့
ရွှေ တစ်နေ့ငွေပဲလေ"
" မကြာခင် သတင်းလာမေးပါ့မယ်လ်ု့ကိုယ်စား
ပြောပေးပါဦး ဂျီဆော့ရား"
" အေး အေး ပြောလိုက်မယ်"
သူတို့ နှစ်ယောက်စကားပြောနေသည်ကို လီဆာခပ်လှမ်းလှမ်းမှနေ၍ အကဲခတ်နေမိသည်။
"အာရီးဂူး အဲ့ဒီကောင်နဲ့ကျတော့ တောက်တောက်
ပ ပပြုံးနေလိုက်တာများ "
"လူလေး လူလေး"
မုန်ညင်းထုပ်တွေကို အားပါပါဆုပ်ကိုင်ထားရင်း
ပါးစပ်မှ တစ်ယောက်တည်းကြားနိုင်ရုံ သာ
ရေရွတ်ပြောနေဆ်ိုနေတုန်း ဘေးမှ ဦးလေးကြီး တစ်
ယောက်သည် လီဆာ့အား ခေါ်နေသဖြင့်လှည့်
ကြည့်လိုက်မိသည်။
" နေမပူဘူးလား လူလေး ဦးထုပ်ဆောင်းမလား"
"နေပါစေ ဦးလေးရယ်အဆင်ပြေပါတယ်"
"အေးကွယ့် လူလေးကိုကြည့်ရတာ နုနုဖက်ဖက်
ကလေးမလ်ို့ အပူရှပ်မှာစိူးရိမ်လို့ပါကွယ်"
"ရပါတယ်ဦးလေး ကျေးဇူးပါပဲ
ဒါနဲ့ ဦးလေးက ဒီမှာအလုပ်လုပ်နေတာကြာပြီလား"
"အနှစ်နှစ်ဆယ်လောက်ရှိပြီကွယ့် မမလေး အမေ
လက်ထက်ကတည်းကဆိုပါတော့"
"အော် တော်တော်ကြာပြီပဲနော် ဒါနဲ့ ဂျိန်းရဲ့အမေ
ကို မတွေ့ရပါလား"
" မမလေး ရဲ့အမေက မမလေးအထက်တန်းကျောင်း
တက်ကတည်းကဆုံးပါးသွားပြီလူလေးရဲ့
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ကို ခက်ခက်ခဲခဲရုနိးကန်
လာခဲ့ရတဲ့ မမလေးက အရွယ်နဲ့မလိုက်အောင်
သိပ်ကိုကြံ့ခိုင်တာ "
"အော် . ."
ဂျိန်းရဲ့ဘ၀က သနားစရာပါလား ၊
မိဘမရှိပဲတစ်ယောက်တည်း ရုန်းကန်လာရတဲ့
ဂျိန်း ခင်ဗျာ ဘယ်လောက်ခက်ခဲပင်ပန်းခဲ့မလည်း
ဆ်ုတာ လီဆာတွေးကြည့်ရုံနဲ့တင် နာကျင်လာ
ရသည်။
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
