Part2

1.3K 86 0
                                    

"ဘန် လာလေ ထိုင် သား. . ."

ဖေဖေ ထ်ိုင်နေသည့်ခုံ၏ ဘေးတွင် လီဆာ ၀င်ထ်ုင်
လ်ုက်သည်။ ထိုမိန်းကလေးကိုအကဲ ခတ်ကြည့်တော့
သူမ က လီဆာ့ကို မကြည့်ပေ၊ မျက်လွှာကိုချထား
၍ သိမ်မွေ့သောဟန်ပန်အမူအရာဖြင့် လိမ္မော်ရည်က်ိုသောက်နေသည်။

"သားကိုမိတ်ဆက်ပေးရဦးမယ် ဟောဒီက မိန်းကလေးက ရူဘီဂျိန်းတဲ့ ဖေဖေ တက္ကသိုလ်မှာစာ
သင်ခဲ့ရတုန်းက အတော်ဆုံးတပည့်ပေါ့ကွယ်"

ဖေ ဖေ ကတစ်ရင်းတစ်နှီး မိတ်ဆက်ပေးနေသော
ကြောင့် လီဆာ သူမကိုတည့်တည့် ကြည့်ကာ

" တွေ့ရတာ၀မ်းသာပါတယ် မစ်စ်ရူဘီဂျိန်း "
ဟု နှုတ်ဆက်လိုက်သည််။

"ဟုတ်ကဲ့ " တစ်လုံးတည်းဖြေကာ ပြုံးယောင်
တောင်သန်းမနေသည့် သူမ၏အေးစက်စက်မျက်နှာထားကြောင့် လီဆာ အနည်းငယ် မကျေမချမ်းဖြစ်သွားသည်။
ဒီမိန်းမက ဘာလည်း ဟ တော်တော် ကို မာန
ကြီးပြီးရ်ိုင်းပျတာပဲ  ဟု စိတ်ထဲမှလည်းတွေးနေမိသည်။

"ဂျိန်းက သားကိုအကူအညီတောင်းစရာတစ်ခုရှိ
လို့တဲ့ "

ဂျိန်းတဲ့။ ဖေဖေ ကထိုမိန်းမ အားဂျိန်း ဟု ခေါ်
လိုက်သည်။
အကူအညီဆိုပါ့လား၊ ခုမှတွေ့ရတဲ့သူ ကို ဘာအကူ
ညီပေးရမှာလည်း ၊ နေပါဦး အကူညီတောင်းခံမယ့်
သူရဲ့မျက်နှာထားကလည်း တစ်စက်မှအချိူးမပြေ
ပါလား ဟု တွေး တောမိ၏။  မကျေမနပ်ဖြစ်နေဟန်
မျက်နှာတွင် မပေါ်စေရန်လီဆာ ကြိုးစား ထိန်းချုပ်ကာ အနည်းငယ်ပြုံးလိုက်သည်။

" ကျွန်တော်ဘာ ကူညီပေးရမလည်း မစ်စ်ရူဘီဂျိန်း
ခင်ဗျ"

" တစ်ခြားတော့မဟုတ်ပါဘူး ကျွန်မ တစ်လတစ်ခါ
ယူလာပေးတဲ့စာရင်းဇယားတွေကို ဟောဒီက လာလီဆာမာနိုဘန် က ကူညီစစ်ပေးဖ်ို့ပါပဲ"

" အော် စာရင်းဇယားတွေ ကိုပဲ လား
ဒါနဲ့မစ်ရူဘီဂျိန်းတို့ကဘာလုပ်ငန်း လုပ်တာများ
လည်း"

" ဒီတိုင်းလုက်ငန်းအသေးစားလေးတစ်ခုပါ"

တည်ငြိမ်ပြတ်သားသည့်အသံရှင် သူမသည်
အကူညီတောင်းခံနေ သော်ငြားလည်း လုပ်ငန်း
အမျိုးအစား တောင်ပြောပြချင်ပုံမရပေ။

မရှိမဖြစ် မင်း Where stories live. Discover now