Part 4

1K 75 2
                                    

သူမ က ရိုးသည်၊ အေးစက်သည်၊ သူမ က
အလှအပ မက်ခြင်းလည်းမရှိ၊တွေ့လ်ုက်တဲ့အခါ
တ်ူင်းတီရှပ် စပို့ရှပ်တွေကို ပဲ ၀တ်ဆငါထားလေ့ရှိသည်။
သူမ ၏အသားအရေမှာ ဖြူ၀င်းသော်လည်း
အိုင်ရင်းလို မိတ်ကပ် ၊နှုတ်ခမ်းနီနီ တ်ို့မျက်နှာပေါ်
တင်ထားခြင်းမရှိ၊ သိသာထင်ရှားသည့်အရာမှာ
သူမရဲ့မျက်ခွံပေါ်ရှိမှည့်အနက်လေးတစ်လုံး၊
အိုင်ရင်းက မိန်းမဆန်ဆန်နုနုရွရွကလေး လှသည်။
သူမ က . .
မလှဘူးလို့လည်း မဆိုနိုင်၊
လှသလားမေးရင်လည်း မပြောတတ်. .

သူမ မျက်၀န်းတွေကတော့ ၀ိုင်း၀ိုင်းစက်စက်
ဖန်ဂေါ်လီလုံးတွေသကဲ့သို့ ကြည်လင်လှပသည်။

သူ မ ကိုဘာကြောင့်အိုင်ရင်းနဲ့ယှဥ်ကာတွေးနေ
မိမှန်းမသိ။

သူမကို နှစ်ခါ ၊ နှစ်ခါပဲတွေ့ဖူးသေးသည်။
***************

ဒီနေ့ဟာ လတစ်လ၏ နောက်ဆုံးရက်၊တိတိကျကျ
ပြောရလျှင် ရက်သုံးဆယ်။

သူမ စာရင်းတွေလာပေးမည့်နေ့ဖြစ်သည်။
အရင်တစ်ခေါက်တွေ့ ပြီးကတည်း က သူမဘယ်
မှာနေသလည်း သိချင်နေခဲ့သည်၊ သူမကို ထပ်တွေ့
နိုင်ဦးမလား ဒီလထဲ ရက်တွေအတွင်းမျှော်နေ ခဲ့
သော်လည်း တ်ိုက်တိုက်ဆ်ုင်ဆိုင်တောင်မတွေ့
ဖြစ်ခဲ့ပါ။

သူမ. .သူမ

သူမ အကြောင်း အလုပ်စားပွဲတွင်ထိုင်ကာစဥ်းစား
နေတုန်း ရုံးခနိးတံခါးခေါက်သံကိုကြားလိုက်
ရသည်။

"၀င်ခဲ့ပါ"

ရနေကျ အိုင်ရင်း၏ ချိုအီအီ ရေမွှေးနံ့လိုမျိုးမဟုတ်
ပဲ ခပ်သင်းသင်း အနံ့ လေးဖြစ်နေသည့်အခါ
သူမ ဆိုတာ လီဆာသိလ်ုက်ပါသည်။

"ကျွန်မ ပါလာလီဆာမာနိုဘန်ရှီး"

"အတော်ပဲ ကျွန်တော် မစ်စ်ရူဘီဂျိန်းကိုမျှော်နေတာ"

"ရှင်"

"အော် ဟို စာရင်းတွေ ဘယ်အချိန်လာပေးမလည်း
ဆိုတာ စောင့်နေတာလို့ပြောတာပါ"

"ဟုတ်ကဲ့"

ထုံးစံအတိုင်း စပို့ရှပ် အနီပွပွ ၊ စတိုင်ပင်ပွပွ
ကို၀တ်ဆင်ထား လျက် မရယ်မပြုံး မျက်နှာထားနဲ့
ပင်၊ လီဆာ့ရှေ့ကခုံတွင်၀င်ထိုင်လ်ုက်ပြီး စာရင်းစာ
အုပ်ထူထူတွေအား အရှေ့သို့ချပေးသည်။
စာအုက်တွေကို ကောက်ယူငင်ကာ အထဲရှိစာရွက်
များအားတစ်ရွက်ချင်းစီ လှန်ကြည့်လိုက်သည်။

မရှိမဖြစ် မင်း Where stories live. Discover now