Part 20

640 49 1
                                    

" သား ဘန် ဘာကြောင်ကြည့်နေတာလည်း
ဒီမှာလာထိုင်လေ"

ဖေဖေ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်အမျိူးသမီးလေး သည် ဘန့်ကိုလှမ်း၍ ကြည့်နေသည်။

မျှော်နေရသူကို အိမ်မှာရုတ်တရက်တွေ့လိုက်
ရသဖြင့် ဘန် အတော်ပင် အံ့ သြ သွားရသည်။

၀မ်းသာမူမှာလည်း ဘန့် အတွက် အတ်ုင်းအဆမရှိ
ပင်ဖြစ်လေသည်။

" ဂျိန်း ဒီကို ဘာကိစ္စရှိလို့လည်းဟင်"

"ကိစ္စတဲ့လား မင်းက လည်း ငါ့သမီးလေးက အိမ်ကို
ကိစ္စရှိမှလာရမှာလား"

"အော် မဟုတ်ပါဘူး ရုတ်တရက်တွေ့လိုက်ရလို့အံ့
သြ သွားလို့ပါ"

" ဆရာကြီး မှာထားတဲ့ ခြံထွက်အသီးလေးတွေ
လာပေးရင်းနဲ့ တစ်ခါတည်း ရှင့်ဆီစာရင်းဇယား
တင်ဖို့လာခဲ့တာ"

ဂျိန်းက ဘန့် အားခပ်တည်တည်ပင် ဖြေဆိုလေသည်။ မသိရင် သူမနှင့် ဘန့်၏ ကြားတွင် ဘာကိစ္စ
ဘာပြသနာမှမရှိခဲ့သလိုမျိူး သူမ ၏ပုံစံသည်
အလွန်ပင်အေးဆေးတည်ငြိမ်လှသည်။

"ဟုတ်တယ် သမီးလေးက ဖေဖေ တို့မေမေတို့စား
ဖို့ အသီးအနှံတွေအပြင်ကင်ချီတွေပါလက်ဆောင်
လာပေးတာ"

"အော်"

" သားလေးက သမီးကို ဂရုရောစိုက်ရဲ့လား"

"ရှင်"

ဘန့် မေမေ ၏ အနှောင့်မလွတ် အသွားမလွတ် မေး
ခွန်းကြောင့် ဂျိန်း သည် နေရခက်သွားပုံပေါ်သည်။

"အာ မေမေကလည်းဘာတွေလျောက်မေးနေတာလည်း"

"ဒီလိုလေ သမီးလေး ဟိုတစ်လောက ပိူးထိပြီး
ဆေးရုံတက်ရတုန်းက ဘန်က သမီးကိုဆေးရုံမှာ
သေချာပြုစုရဲ့လားလို့မေးတာပါကွယ်"

" ပြုစုပါတယ် လိုတာထက်တောင် ပိုအားစိုက်
နေလို့ သမီးက သူ့ကိုအားနာနေရတာ"

ဘန့်ကိုတည့်တည့်ကြည့်၍ပြောလိုက်သောကြောင့် ဘန့်ရဲ့မျက်နှာမှာ ရှိန်းတိန်းတိန်း ။

" အားနာစရာမလိုပါဘူး သမီးရယ် ဆရာကြီး
ကိုယ်တိုင် သမီးကိုသတင်းလာမမေးနိုင်လို့
စိတ်မကောင်းဖြစ်နေတာ"

မရှိမဖြစ် မင်း Where stories live. Discover now