Part 40

758 61 3
                                    

လွန်ခဲ့​သော ၁၅နာရီ​ကျော်ခန့်က. .

" ကို ​ကော်ဖီ​သောက်ဦးမလား ဂျိန်း​ဖျော်​ပေးမယ်​လေ"

သာယာ​သော​ခြေလှမ်းတို့ဖြင့် ဘန့်အိပ်ခန်းတံခါးကို
​ဖြေး​ဖြေး ဆွဲဖွင့်ကာ အထဲသိူ့၀င်လာသည့် ဂျိန်း မှ
စားပွဲခုံတွင် လပ်​တော့ဖွင့်ထားရင်း ထိုင်​နေသည့် ဘန့်
အား​ပြောလိုက်သည်။

" ​တောိပါပြီ ဂျိန်းရဲ့ ကိူယ်မ​သောက်​တော့ဘူး. .
မနက်ဖြန်အတွက်ရင်​တွေတုန်ရတဲ့အထဲ ​ကော်ဖီ
​သောက်လိုက်ရင် ကို့ ရင်ဘက်ကြီး​ပေါက်ထွက်ကုန်​လိမ့်မယ်"

" ဒါဆိုလည်း မ​​သောက်နဲ့​တော့ ကို့ ရင်ဘက်ကြီး
​​ပေါက်ထွက်ရင်ဂျိန်းပါ ပါသွားလိမ့်မယ်"

"အံမယ် ဒီလိုစကားမျိုးကို မစ်စ်ရူဘီဂျိန်းရှီးက
​ပြောတတ်တာပဲလား"

" ပါးစပ်ပါတာပဲ​ပြောတတ်တာ​ပေါ့ လို့"

"ကဲ ​ပြောရဲတဲ့နှုတ်ခမ်း​လေးကိူ ကိုင်းကွာ. . ."

ထိုင်​နေရာမှထကာ သူမ ၏ခါး​လေးကို သိမ်းဖက်လိုက်ပြီး မျက်နှာချင်းဆိုင်လှည့်လိုက် သည်။ ပြီး​နောက် နူးနူးညံ့ညံ့အိအိစက်စက်သူမ၏ နှုတ်ခမ်းများမှ တစ်ဆင့် ပါးပါးလှပ်လှပ်ညအိပ်၀တ်စုံ၏​ ​အောက်တွင်မြင်​နေရသည့်ဖြူဖြူ​ဖွေး​ဖွေးရင်ညွှန့် တစ်​လျှောက်ကို ဖွဖွနမ်း ​နေစဥ် လက်ကိုင်ဖုန်းမှအသံ
မြည်လာသည်။💋💋

"ကျစ်!!! ​ကောငိးခန်းမှကွာ"

စိတ်မရှည် တရှညိဖြင့် ဖုန်းကို​ကောက်ကိုင်လိုက်သည်။

"ဟဲလိူ ​ဂျောင် ​ဆော . . မင်းလား. .ဘယ်တုန်းက
ပြန်​ရောက်​နေတာလည်း ငါ့​တောင်မ​ပြောဘူး. .
​အေး​လေ. .​အော်.  ​အေး​အေး. .ငါလာခဲ့မယ်"

ဖုန်းကိုချပြီးတာနှင့်ဂျိန်းဘက်သို့လှည့်ကာ

"ဂျိန်း ကို့အခင်ဆုံးသူငယ်ချင်း ​ဂျောင်​ဆောပြန်
​ရောက်​နေတယ်တဲ့ သူ့ကို ဂျိန်းသိ​လောက်မယ်လိူ့​တော့မထင်ဘူး ကို ငယ်ငယ်​လေးကတည်း က ကို့​ဘေးနားရှိခဲ့တဲ့ သူငယ်ချင်း​ပေါ့ . .လွန်ခဲ့တဲ့သုံးနှစ်​
​လောက်ကမှ usကိုအပြီး​ပြောင်းသွားတာ​လေ
မ​တွေ့တာလဲကြာပြီဆို​တော့ ​ရောက်တုန်း​​ရောက်ခိုက်
ကိုယ်  သွား​တွေ့ပါရ​စေ​နော်"

မရှိမဖြစ် မင်း Where stories live. Discover now