Part 34

898 78 18
                                    

"ပန်းတွေထဲက နေကြာပြီးရင် ဘာကိုအကြိုက်ဆုံး
လည်း ဂျိန်း"🌻

" ဒေ စီ"🌸

ဒီနေ့ ဘန်တို့ချစ်သူဖြစ်တာတစ်လပြည့်။ ဘာလိုလိူနဲ့
ဘန့်အနားမှာသူမကိုခေါ်ထားတာ တစ်လ ရှိခဲ့ပြီ။
ဟိုတစ်နေ့ကလက်ထပ်လက်စွပ် ကို သူမ မ၀တ်
ခဲ့ပေမယ့် ဒီနေ့တစ်လပြည့်အထ်ိမ်းမှတ်လက်ဆောင်
လေးကိုတော့ သူမ ကြိုက်မယ်ထင်တယ်။ 

" ကိတ် ကိုတော့ စတော်ဘယ်ရီသီး များများအပေါ်
မှာ တင်ပေးပါနော် ကျွန်တော့်ကောင်မလေးက
စတော်ဘယ်ရီသိပ်ကြိုက်လို့ပါ"

လပ်စွပ် ရယ် ကိတ်မုန့်ရယ် စ်ိတ်ကူးထားတာလေး
တွေကိုသေချာ၀င်၀ယ် ၀င်မှာ ပြီးနောက် ဘန့်ကား
လေးသည် အလုပ်သို့မောင်းလာခဲ့သည်။
ဒီနေ့ ရာသီဥတု ပင်လျှင် ဘန်တို့ချစ်နှစ်ယောက်
၏အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသည့်အလား . .
ကောင်းကင်သည် ကြည်ကြည်တောက်၍ နေခြည်
မှာနွေးထွေးလို့နေသည်။ တစ်လပြည့် နေ့လေးဆိုတာ
ဂျိန်း သိပါ့မလား။ ဒီမနက် ဘန်လုပ်သမျှအားလုံး
ကို ဂျိန်း အားလျို့ဝှက်ထားသည်။ ဒါကြောင့် မနက်ကပင်လျှင် စောစော အစည်း ေ၀းရှိသည်ဟု
ဂျိန်းကိုပြောကာ အိမ်မှာထားခဲ့ ပြီး ဘန်တစ်ယောက်
တည်းထွက်လာခဲ့တာ။

ဘန့် ကားလေးသည်  companyရှေ့၌ ထိုး
ရပ်လိုက်သည်။ စိတ် ရော လူရောတက်ကြွလန်းဆန်း
နေသည့်နေ့သစ်တစ်ခု လို မျိုး ဘန် ခံစား
နေရ သည်။ ချစ်သူလေးနှင့်ကြည်ကြညိနူးနူးဖြတ်
သန်းရမည့် ညနေခင်းကိုလည်း စိတ်ကူးယဥ်ကာ
တစ်ပြုံးပြုံးဖြင့် ရုံးခန်းသို့တက်လာခဲ့သည်။

အခန်းထဲသိူ့ရောက်သည်နှင့် မိမိ၏ အလုပ်စားပွဲ
ရှိထိုင်ခုံတွင် ထိုင်နေသည့် ဂျိန်း ကိုတွေ့လိုက်ရသည်။

"ဂျိန်း. ."

" ကို . . .ဘယ်တွေသွားနေတာလည်း ဂျိန်းဖြင့်ရှာ
လိုက်ရတာ . .အိုင်ရင်းပြောတော့ ဒီမနက်ဘာအစည်း
အဝေးမှမရှိဘူးဆို"

"အာ ဟို အိုင်ရင်းက မေ့နေတာ ဂျိန်းရ ဒီမနက်
ကို ဂျပန်ကဖောက်သည်တွေ နဲ့ချိန်းထားတာ လေ
သူမေ့နေတာဖြစ်မယ်အဲ့ဒီ ကိစ္စကို"

မရှိမဖြစ် မင်း Where stories live. Discover now