"ဒေါက် ဒေါက် ဒေါက်"
ဘယ်လောက်ထိ တောင် အိပ်မောကျနေသလည်း
မသိ၊ အခန်းအပြင်ဘက်ကတံခါးခေါက်သံ ကို တော်
တော်နဲ့မကြား၊ခရီးပန်းလာ၍ လူကအတော်ကိုနား
ချင်နေသည်၊ သို့ပေမယ့် တံခါးလာခေါက်သူက
မစ်စ်ရူဘီဂျိန်း များ ဖြစ်နေမလားဟူသည့်အတွေး
ဖြင့် အိပ်ယာမှကြိုးစားထကာတံခါးကိုဖွင့်လိုက်သည်။" ညနေစာ သုံးဆောင်ဖ်ု့လာခေါ်တာပါ"
မစ်ရူဘီဂျိန်း မဟုတ်၊ ရွှေအိုရောင်ဆံနွယ်ရှင်မိန်း
ကလေးပင်။"ဟုတ်ကဲ့ခဗျ"
သူမ နောက်မှ အိမ်အောက်ထပ်သို့လိုက်ပါဆင်းခဲ့
သည်။ဟင်းပွဲတွေကိုအသေချာနေရာချ နေသော
ဘန့်၏ အမျိုးသမီးလေး သည် အိမ်မှာနေလည်း
အကျီပွပွတွေ၀တ်ရတာကြိုက်နှစ်သက်ပုံရသည်၊ တီရှပ်အပွအညို ကို အောက်က ဂျင်းပန်ဖြင့်တွဲ၀တ်ထား
သည်၊ ဘန်ကတော့ ချစ်ရသူနှင့် တွေ့ရတော့မည်
ဟု စိတ်ကူးယဥ်ကာ မနက်တုန်းက အဖြူရောင်စတစ်
ကော်လာ အကျီလက်ရှည်နှင့် စတိုင်ပင် မီးခိုး
ရောင်ကိုကျကျနန ၀တ်ဆင်လာခဲ့သော်ငြားလည်း
ခရီးကြမ်းကို လာခဲ့ရသဖြင့် ပေ ပွ တွန့်ကြေနေပြီ
ဖြစ်သည်။"လာလီဆာမာနိုဘန် ရှီးထ်ုင်ပါ"
သူမ က ဘန့်အား စားပွဲ၀ိုင်းရှိထိုင်ခုံတစ်လုံးကိုညွှန်
ပြနေသည်၊ လီဆာလည်း၀င်ထိုင်လိုက်ရင်း
မတ်တပ်ရပ်နေသည့် သူမ ကို မ၀ံ့တ၀ံ့ဖြင့်မော့်
ကြည့်လိုက်မိသည်။အကြည့်ချင်းဆုံမိသွားတဲ့တစ်ခဏ၊ သူမ က
မျက်နှာလွဲပစ်လိုက်လေသည်။"ထည့်စားနော် အားမနာနဲ့ ရှင့်"
ရွှေအိုရောင်ဆံနွယ်မိန်းကလေး က လီဆာ့အား
ပြုံးကာပြောသည်။ထိုအမျိူးသမီးအပြင် စားပွဲ၀ိုင်းတွင်နောက်ထပ်အမျိူး သမီးတစ်ယောက်လည်းရှိနေသည်။
သူမ ပုံစံက မစ်ရူဘီဂျိန်းနှင့်ခပ်ဆင်ဆင်ပင်၊ အရပ်
အမောင်းတူသည်၊သို့ပေမယ့်သူမ ဆံနွယ်တွေက
မစ်ရူဘီ ၏ဆံနွယ်တွေ ထက်ပိုရှည်လိမ့်မည်၊
သူမကလည်း လီဆာ့ကိုပြုံးပြနေသည်။

YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။