" ခွင့်လွတ်ပါ အစ်ကို. . ညီမ . .ရဲ့အပြစ်တွေအတွက်"
" ဆေးရုံကုတင်မှာ သွေးတွေ ဆုံးရူံးပြီး သတိလက်လွတ်ဖြစ်နေတာတောင် မောင်ရင့်ကိုပဲရှာနေခဲ့တာ"
" ကျွန်တော် ခွင့်လွတ်သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ကျွန်တော် ချစ်တဲ့မိန်းကလေးက ကျွန်တော့်ဆီ
ပြန်မလာတော့ဘူးလေ"
" အန်ကယ့်သမီးလေး ဂျိန်းက အရွယ်နဲ့မလိုက်အောင် နာကျင်ဒုတ်ခတွေ ခံစားခဲ့ရသူပါ. .
အင်း. .ဒါတွေကလည်း အန်ကယ့်အပြစ်တွေပါပဲလေ.
ဘယ်လိူပဲဖြစ်ဖြစ် အန်ကယ့်သမီးနှစ်ယောက်စလုံးက
မောင်ရင့်ကို ချစ်မိတာဟာ အကြောင်းပြချက်မဲ့တော့
မဟုတ်လောက်ဘူး. . မောင်ရင်က တစ်ကယ့်ကိုလူ
ကောင်းတစ်ယောက်လို့ အန်ကယ်ယုံကြည်တယ်
ပြီးတော့လည်း သမီး ဆောယွန်းကိုခွင့်လွတ်ပေးပါလိူ့
တောင်းဆိူချင်တယ်ကွယ်. ."
" အခုအချိန်မှာ သူ့ကိုခွင့်လွှတ်ဖ်ု့ဆိုတာ မဖြစိနိုင်သေးတဲ့အတွက်စိတ်မကောင်းပါဘူး အန်ကယ်"
" သားမက် ဘန်. . ."
"ခင်ဗျာ"
ဂျိန်း၏ ဖခင်ဆိုသူက မာနိုဘန် ရဲ့လက်ဖဝါးများကို
အားကိုးတစ်ကြီး ဆုပ်ကိုင်လိုက်သည်။
" ဂျိန်း လေးကို စောင့်ရှောက်ပေးပါကွယ်. .
အန်ကယ့်ရဲ့အမှားအတွက် သမီးလေး ခွင့်မလွတ်
နိုင်တာ ကောင်းကောင်းသိတာမလိူ့ ကျန်ရှိနေတဲ့
အန်ကယ့်ရဲ့သက်တမ်းကို နောင်တ တွေ နာကျင်မူတွေနဲ့ရှင်သန်သွားပါ့မယ်လ်ု့ ဂျိန်း လေးကိုပြောပေးပါ. .ပြီးတော့ သားမက်ဘန် အမြန်ဆုံးဂျိန်းဆီလိုက်သွား ပါ . .ဘယ်တော့မှ အန်ကယ့်သမီးကိူလက်လွှတ်ဆုံးရူံးမခံပါနဲ့"
သွေးပုလင်းနီနီရဲရဲ ကို ချိတ်၍လက်ဖျံတွင် သွေးသွင်းနေရသည့်ဆေးရုံကုတင်ပေါ်မှ ဆောယွန်းက်ုဘန်ကြည့်လိုက်သည်။
" အမြန် နေကောင်းအောင်လုပ်ပါ ကင်မ်ဆောယွန်း
ပြီးရင် မင်းကိုယ်တ်ုင် ငါ့ကို အလေးအနက်လာ
တောင်းပန်ပါ"
လူနာကုတငိပေါ်မှ ဆောယွန်းသည် မျက်တောင်ကို
တစ်ချက်မှိတ်ကာ ဖြင့်မာနိုဘန်၏စကားကိုနားထောင်ဟန်ပြသည်။ ပြီးနောက် နှုတ်ခမ်းပါးတို့ကို ဟ၍တစ်ခူခုပြောရန်အားယူနေသညိ။
YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။
