Part 36

532 59 3
                                    

နက်နက်ရိူင်းရိူင်း အနမ်းတွေရဲ့​ နူးညံ့မူမှာ ပျော်ဝင်
သွားခဲ့ရတဲ့နှလုံးသားတစ်စုံ ။ ရမက်တွေ တဏှာ
တွေ မပါ၀င်ပါပဲ မက်မက်မောမော သူမ၏ နှုတ်
ခမ်း ကိုပဲတောင့်တနေသလိုမျိူး ဘန်နမ်းရိူက်နေမိ
ခဲ့သည်။ Anniversary ကိတ်လေး အား စားပွဲ
ပေါ်တွင်ပစ်ထားမိသည်။ ဂျိန်း၏ လက်ဖဝါးတစ်ဖက်
သည် ဘန့်၏ ဘယ်ဘယ်ရင်အုံပေါ်သို့ ဖွဖွတင်ထား
လျက်။ 💋 ထိုအခိုက် ဒေစီပန်းခင်းထဲသို့ ရောက်သွားသလိုစိတ်ခံစားမူ သည် ဘန့်၏ရင်တွင်းသို့ ၀င်
ရောက်လာသည်။

" လက်ထပ်ချင်ပြီ ဂျိန်း"

" အင်း. . "

"ဂျိန်း အခု ခေါင်းညိတ်လိုက်တာလား"

လက်ခံလိမ့်မယ် လို့မျှော်လင့်ချက်ရာခ်ိုင်နှုန်း က
၆၀အောက်နည်းပါးစွာ တွက်ဆထားသော်လည်း
ဂျိန်း၏နှုတ်မှထွက်ကျလာသည့် အဖြေကြောင့်
ကိုယ့်နားကိုပင်မယုံနိုင်ခဲ့။

"ဂျိန်း လက်ခံလိုက်တာလားဟင် ဟုတ်လားလို့"

"အင်း လို့ ရှင် နားမကြားဘူးလား လာလီဆာမာနိုဘန်
ရဲ့"

"၀မ်းသာလိုက်တာ ၀မ်းသာလိုက်တာဂျိန်းရယ်
ဒီလောကမှာလေ ကိုယ့်လောက်ပျော်နိုင် တဲ့သူရှိမှာ
မဟုတ်ဘူး သိလား "

" သိပ်အပျော်မစောနဲ့ဦး ဆရာကြီးနဲ့အန်တီတို့ရဲ့
သဘောထားကို ဂျိန်းတို့မှမသိသေးတာ"

" ဖေဖေနဲ့မေမေတို့က ကိုယ်မပြောခင်ကတည်းက
မဂ်လာပွဲ ကြိုစီစဥ်နေလို့မနည်း တား ထား
ရတယ် "

"အမယ် အပိုတွေ"

"တစ်ကယ်ပါ ကိုယ် ဖေဖေတို့ကို ဖွင့်ပြောထားခဲ့ပြီးသား. .ဖေဖေတို့ကလည်းသဘောတူတယ် ဂျိန်းရဲ့
သဘောကို သာစောင့်နေကြတာ ဖြစ်နိုင်ရင်ကိုယ်
ကတော့ ဒီလထဲ လက်ထပ် ပွဲကို ကျင်းပလိုက်ချင်တယ်"

"ဟိုး ဆရာ ရေ အဲ့တာကတော့မြန်လွန်းပါတယ်.
ဂျိန်းမှာ လက်စသတ်စရာအလုပ်ကလေးတွေက
လည်းရှိသေးတယ် ပြီးတော့. .မိန်းကလေးဆိုတာ
ပြင်ဆင်ဖို့အချိန် တစ်ခု လိုအပ်သေးတယ်လေ။"

" ဒါဆို နောက်လဆိုရင်ရော နောက်လ က ရက်ကောင်းရက်မြတ် တွေကြည့်ပဲ"

မရှိမဖြစ် မင်း Where stories live. Discover now