Part 12

603 61 7
                                    

ဘန် ပြောလိုက်သည့်စကားကြောင့် သူမ ၏နှုတ်ခမ်း
ပါးလေး သည် တစ်ချက်တုန်ယင်သွားတာ တွေ့
လိုက်ရသည်။ သူမ ကဘန့်အား မျက်မှောင်ကြုတ်
၍ကြည့်နေသည်။ ဘန်  သူမ အား တစ်လှည့် ပြန်၍ ကြည့်ကာ နှုတ်ခမ်းတွန့်ကွေးပြလိုက်သည်။

"ဂျိန်း မယုံ ကြည်လောက်ဘူးဆိုတာသိပါတယ်"

" ရှင် ညာနေတဲ့ပုံတော့မပေါ်ဘူး. .ရှင့်မျက်လုံး
တွေက အမှန်ပြောနေတယ်ဆိုတာ ပေါ်လွင်နေ
တယ်"

"ဂျိန်းက လူကဲခတ်သိပ်တော်တာပဲ"

"ဆိုတော့က . . . ယောကျာ်းလေးတစ်ယောက်
မဟုတ်ဘူးဆိုရင်"

" Transman . .ဒီစကားလုံးကို ဂျိန်းလည်းရင်း
နှီး လောက်မှာပါ"

"သေချာမသိပေမယ့် လိင်ပြောင်းထားတဲ့သူတွေကို
Transgenderလို့ခေါ်တာ တော့သိပါတယ်"

"ဟုတ်ပါတယ်ကျွန်တော် က ပြောင်းလဲထားတာပါ မူလအစစ်ကတော့ ဂျိန်းလိုမိန်းမသားတစ်ယောက်
ပါပဲ"

သူမ ရဲ့မျက်နှာပေါ်မှာ အရမ်းကြီးအံ့ သြ သွားတဲ့ပုံ
တော့မပေါ်ပေ မယ့် သူမ သည် သောက်လက်စ ရေဖန်ခွက်ကိုစားပွဲပေါ်၌ချလိုက်ပြီး  အနည်းငယ်တွေးတောနေသည်။
အတန်ကြာငြိမ်သက်ပြီးတဲ့နောက်မှာတော့. .

" မထင်ထားလို့အနည်းငယ်တော့အံ့ သြမိတယ်
မိန်းကလေးတစ်ယောက်က အခုလို ပြည့်စုံတဲ့
ယောကျာ်းတစ်ယောက်ဖြစ်နေတော့. ."

ဂျိန်း၏စကားမဆုံးသေးခင် ဘန် စိုးရိမ်စိတ်
ဖြင့် ဖြတ်ပြောလိုက်သည်။

" ဂျိန်းကို အစကတည်းကမပြောမိလို့ စိတ်
ဆိူးလားဟင်"

"ဟင့်အင်း ကျွန်မ စိတ်မဆိုးပါဘူး"

" ဒါဆို ကျွန်တော့်လိုလူကို ရွံများသွားသလား"

"ဘာလို့ ရွံရမှာလည်း မာနိုဘန်
ရှင်လည်းလူတစ်ယောက်ပဲ . .အမှန်အတိုင်းပြော
ရရင် ကျွန်မ LGBTQကို လက်ခံ တဲ့လူအမျိုးအစားထဲမှာမပါသလိုကန့်ကွက်တဲ့လူအမျိုးစားထဲလည်းမပါဘူး၊ လူလူချင်းဆိုတာကိုတော့လက်ခံပါတယ်"

"အခုလို ဂျိန်းရဲ့အမြင်ကိုသိရလို့၀မ်းသာပါတယ်
ကျွန်တော့်ကိုမုန်းသွားမှာတော့ကြောက်မိတယ်"

မရှိမဖြစ် မင်း Where stories live. Discover now