"မိုက်ရူးရဲဆန်လိုက်တာ ပြည့်စုံမူမရှိပဲထွက်ပြေး
ရတယ်လို့""သတ္တိရှိတာမဟုတ်ဘူးလား ဂျိန်းရ အဲ့ဒီလိုထွက်
ပြေးမှ သာချစ်သူ နှစ်ဦးပေါင်းဖက်နိုင်မှာပေါ့"" ရှင်တော်တော် ကဗျာဆန်တဲ့လူပဲ . . .
လက်တွေ့မှာ အချစ်ဆိုတာ ငွေမပါရင် အလကားပဲ
အခု ၀တ္ထုကိုပဲကြည့်လေ ငွေးကြေးမပြည့်စုံတော့
ကွဲသွားရတာပဲမဟုတ်လား""အနည်းဆုံးတော့ သူတို့နှစ်ယောက် အစစ်အမှန်
ပျော်ရွှင်ရတယ်လေ""ပြန်မလာတော့တာကရော . . မိဘဆီမှာ ပြည့်ပြည့်
စုံစုံချမ်းချမ်းသာသာနေလို့ရရဲ့သားနဲ့ ဆင်းရဲတွင်း
ထဲကိုခုန်ဆင်းပြီး အချစ်သူရဲကောင်းလုက်ကြတဲ့
မိန်းကလေးတွေကို ကျွန်မနားမလည်နိုင်ဘူး"" ဂျိန်း မချစ်ဖူးလို့နားမလည်တာပေါ့"
"ဟတ် အဲ့လိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်. .ဒါပေမယ့်
ကျွန်မ မျက်မြင်အရ အချစ်ဆိုတာတစ်ကယ်မရှိဘူး
တစ်ချို့မိနိးကလေးတွေက သိပ်ကိုတုံးအတယ်"ဒီစကားကိုဆိုရင်း ဂျိန်းဟာ ဆေးရုံ့ပြတင်းပေါက်ရဲ့
အပြင်ဘက်ကို တွေတွေလေးငေးကြည့်နေခဲ့သည်။ဂျိန်း ဘာကိုဆိုလိုသလည်းဆိုတာ ဘန်ကောင်းကောင်း နားလည်ပါသည်။ ဂျိန်း ဟာ သူ့
အဖေပေါ်မှာထားရှိတဲ့ အမုန်းတရားတွေနှင့် ဤ၀တ္ထု
ကိုဆက်နွှယ်တွေးတောနေခြင်းဖြစ်သည်။" လက်ချောင်းလေးတွေကိုကြည့်ပါလား ဂျိန်း
တစ်ချောင်းနဲ့တစ်ချောင်းအတိုအရှည်တူသလား
မတူဘူး မဟုတ်လား. .အဲ့ဒီလိုပဲပေါ့ လူဆိုတာ
လည်း တစ်ယောက်နဲ့တစ်ယောက်စိတ်ထားချင်း
မတူညီကြဘူးလေ. . လောကမှာ မစစ်တဲ့ချစ်
ခြင်းတွေရှိသလို စစ်မှန်တဲ့ချစ်ခြင်းတွေလည်းရှိတယ် ကိုယ် မြင်ဖူးတဲ့အချစ်တွေကလေ အိုမင်း
သည်အထိပေါင်းဖက်သွားကြရတယ်"" ရှင်ပြောသလို အချစ်မျိုးနဲ့ အဖေသာအမေ့ကို
ချစ်ခဲ့မယ်ဆိုရင် အမေအခုလို မျိုး အဖြစ်ဆိူးခဲ့
ရမှာမဟုဘူး ပဲ"ဂျိန်း တိုးလျစွာလေးပင်စွာဖြင့် ပြောလိုက်သည့်စကားကို ဘန် ကြားလိုက်ရပါသည်။ သူမ ၏မျက်နှာ
လေး ညိုးနွမ်းလျက်ရှိသည်။ ရုတ်တရက်ငိုင်ကျ သွား
သည့်သူမ၏ မျက်နှာထားကြောင့် ဘန် ဒီစာအုပ်ကို
အလကား ဖတ်ပြလိုက်မိပြီပဲဟု တွေးတောလိုက်မိသည်။

YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။