"နေမကောင်းဘူး ဆိုလို့ ကိုယ်ပြေးလာခဲ့တာ
ဂျိန်း ဘယ်လိူဖြစ်တာလည်း ဘယ်နေရာဘာဖြစ်လို့
လည်းဟင်"အိပ်ရာအထက်တွင်လဲေလျာင်းေနသည့် ဂျိန်း ၏နဖူးပေါ်သို့လက်ဖမိူးလေးတင်လျက်ကိုယ်အပူချိန်ကို တိုင်းတာကြည့်သည်။
"ကိုယ်လည်းမပူပါလား"
"ဂျိန်း နည်းနည်း ဗိုက်အောင့်နေလို့ပါ"
"ဒီလိုဆို ဘယ်ဖြစ်မလည်း ဆေးရုံသွားမှဖြစ်မှာ
ပေါ့ လာ ထ""နေပါစေ ကိုယ်. .ဆေးသောက်ထားလို့သက်သာနေပါပြီ"
"နေ့လည်က ချိန်းတဲ့နေရာကိုရောက်မလာလို့ ကိုယ်
စိတ်ပူလိုက်ရတာ . .ဆူး တို့ဖုန်းဆက်မှ ဂျိန်းနေမ
ကောင်းမှန်းသိရတယ်. .""ဟုတ်တယ် မနက်ကတော့အကောင်းကြီး ပါပဲ နေ့ခင်းကျမှ ဗိုက်ထဲကထိုးအောင့်လာတာ"
"အခု သက်သာတာသေချာလားဟင် ဂျိန်း
စိတ်ပူလိုက်ရတာကွာ မဖြစ်ပါဘူး မနက်ဖြန်medical checkup လုပ်ဖို့ သွားဦးမှပဲ. .""ကိုယ်. . ."
"ပြောလေ ဂျိန်း"
ဘန့်ကို ကြည့်နေသည့်ဂျိန်း၏အကြည့်တို့မှာအားအင်
ယုတ်လျော့ လျက်ရှိသည်။ မနက်ကနှင့်မတူ ပဲ ဂျိန်း၏မျက်နှာလေး သုန်မှုန်နေခြင်း ကို ဘန် သတိထားမိသွားဟန်ဖြင့်" မျက်နှာလည်း မကောင်းပါလား ၊ ကိစ္စတစ်ခုခု
ရှိနေလား ဂျိန်း" ဟု စိုးရိမ်စွာဖြင့်မေးသည်။"ဟင့် အင်း. . ဂျိန်း ကို ဖက်ထားပေးပါလားဟင်"
ကိစ္စတစ်ခုခုရှိနေကြောင်း ဘန် ရိပ်မိပေမယ့် ဂျိန်း
မှ ပြောပြချင်တဲ့ ဆန္ဒရှိပုံမရ သဖြင့် ဆက်ပြီးမေး
မြန်းမနေတော့ပေ။ သူမ ၏ ကိုယ်လုံးသေးသေးလေးကိုသာဆွဲယူ ၍ရင်ခွင်ထဲထည့် ဖက်ထားလိုက်သည်။
ဘန့်၏ရင်ခွင်ထဲတွင် ဂျိန်းသည် ငြိမ်သက်လျက်ရှိ
သည်။ လာဗင်ဒါရှန်ပူရနံ့ သင်းသင်း မွှေးမွှေးသည်
ဘန့်၏နှာဖျားသို့ မထိတထိလာရိုက်ခတ်သဖြင့်
နဖူး ထိပ်လေးအား ဘန်ဖွဖွ အနမ်းပေးလိုက်တော့
သူမက ဘန့်၏ ခါးကို ပို၍တင်းတင်းကြပ်ကြပ်ဖက်
တွယ်လာသည်။

YOU ARE READING
မရှိမဖြစ် မင်း
FanfictionTransman လေးတစ်ယောက်က မာနခဲ straightမိန်းကလေး တစ်ယောက်ကိုမှချစ်မိတဲ့အခါ။