အခန်း(၁၀၂၆) အချိန်ကျပြီ
“ တွဲဖက်သားရဲ … တွဲဖက်သားရဲတွေကို ဒိုင်မေးရှင်းသတ္တဝါ တွေက အသုံးမပြုနိုင်ဘူးမလား.. သူတို့ကို ဘာလို့ လိုအပ်တာလဲ..”
ကျိုးဝမ် စဉ်းစားရခက်သွားခဲ့သည်။
“ ဒိုင်မေးရှင်းသတ္တဝါတွေက တွဲဖက်သားရဲတွေကို အသုံးမပြု နိုင်ဘူးလို့ မင်းကို ဘယ်သူပြောလဲ…”
မျက်နှာဖုံးလူသားက သူ့နှုတ်ခမ်းများတွန့်ကွေးလျက် ပြောလာ ခဲ့သည်။
“ သူတို့က ကမ္ဘာမြေရဲ့တွဲဖက်သားရဲကို မသုံးနိုင်ကြဘူး.. ဒိုင် မေးရှင်းနယ်မြေအတွင်းမှာ အစွမ်းထက်သော တွဲဖက်သားရဲအများ အပြားရှိတယ်… ဒါပေမယ့် အဲဒါတွေက ကမ္ဘာမြေရဲ့တွဲဖက်သားရဲ တွေနဲ့ နည်းနည်းကွဲပြားမှု ရှိနေတယ်… နောက်ပြီး သူတို့ဟာ ကမ္ဘာ မြေရဲ့တွဲဖက်သားရဲတွေထက် အဆပေါင်းများစွာ အားကောင်းကြ တယ်…”
“ ဒိုင်မေးရှင်းရဲ့တွဲဖက်သားရဲတွေက ကမ္ဘာမြေရဲ့တွဲဖက်သားရဲ တွေထက်ပိုအားကောင်းနေမှတော့ ဘာလို့ ကမ္ဘာမြေပေါ်က တွဲဖက် သားရဲတစ်ကောင်အတွက် သူတို့က ရှာဖွေနေကြတာလဲ…”
ကျိုးဝမ်သည် ပိုပြီးတော့ပင် စဉ်းစားရခက်သွားခဲ့သည်။
“ ဒီကမ္ဘာကြီးက တမူထူးခြားလွန်းတယ်… ဒါကြောင့် ဘယ် ဒိုင်မေးရှင်းသတ္တဝါမှ ဒါကို နားမလည်နိုင်ကြဘူး…”
မျက်နှာဖုံးလူသားက စကားမဆက်မီ ခဏလောက်စဉ်းစားနေ ခဲ့သည်။
“ ဘယ်ဒိုင်မေးရှင်းမှာမဆို မရှိခြင်းမှ တစ်စုံတစ်ခုကို ဖန်တီးဖို့ ဆိုတာ မဖြစ်နိုင်ဘူး… သီအိုရီအရတောင် ဒီလိုမျိုးလုပ်ဖို့ မဖြစ်နိုင် ဘူး.. ဒါပေမယ့်… ကမ္ဘာမြေပေါ်က လူသားမျိုးနွယ်က ဒီလိုအရာကို ပြုလုပ်နိုင်ကြတယ်…”
“ လူသားမျိုးနွယ်က မရှိခြင်းကနေ တစ်စုံတစ်ခုကို ဖန်တီးနိုင် တာလား… ငါ ဘာလို့ မသိရတာလဲ…”
ကျိုးဝမ်သည် ခဏမျှစဉ်းစားနေခဲ့သည်။ ကမ္ဘာပေါ်တွင် ဤကဲ့ သို့ အစွမ်းထက်သောနည်းပညာများ ရှိပုံမပေါ်ပါ..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
ПриключенияGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...