အခန်း(၁၂၆၆) သကြားလုံးဘူး
ဒင်…။
ဒိုင်မေးရှင်းအမြုတေတစ်ခု ကျလာခဲ့ပါပြီ။ ၎င်းသည် သစ်သား အမြုတေတစ်ခု ဖြစ်နေပြီး အပေါ်တွင်အာကာသအချိန်ဝက်ပေါက် လေး၏ အသွင်အပြင်ထွင်းထုထားသည်။
[ အာကာသအချိန်ဝက်ပေါက်လေးရဲ့ သိုင်းကျွမ်းကျင်မှု အမြု တေ.. လေဟာနယ်ဆန့်တန်းခြင်းလေး ဖြစ်နိုင်မလား..]
ကျိုးဝမ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
သို့သော်လည်း ကျိုးဝမ်သည် ခေးယော့စ်ဥအတွင်း ရှိနေစဉ် သိုင်းကျွမ်းကျင်မှုအမြုတေကို မကောက်ယူနိုင်ပါ…
အာကာသအချိန်ဓားပြသည် ခေးယော့စ်ဥအတွင်း ရှိနေစဉ် မတိုက်ခိုက်နိုင်သည့် ကျိုးဝမ်၏ ပြဿနာကို ဖြေရှင်းပေးခဲ့သည်..။ နှောင့်နှေးသောတိုက်ခိုက်မှုများ၏ ဝိသေသလက္ခဏာရပ်များကို အသုံးပြုနေသရွေ့ ခေးယော့စ်ဥကို ထိမှန်မည့်ထိခိုက်မှုများ နှင့် ထွက်ခွာရန် မတတ်နိုင်သည့်အကြောင်းများကို သူ စိတ်ပူစရာမလို တော့ပါ…။
ကျိုးဝမ်သည် အရုပ်ကို ဆက်လက်တိုက်ခိုက်နေခဲ့သည်..။ အရုပ်အဖြစ်အသွင်ပြောင်းပြီးနောက် သူမ၏အမျိုးမျိုးသောစွမ်းရည် များကို သူ ကောင်းစွာသဘောပေါက်နေခဲ့သည်။ တိုက်ပွဲအတွင်း သူ သည် ကြီးမားသောအားသာချက်ကို ရရှိခဲ့သည်။
ထို့အပြင် ခေးယော့စ်ဥက သူ့ကိုကာကွယ်ပေးခြင်းဖြင့် ကျိုးဝမ် သည် မယုံကြည်နိုင်သောအနေအထားသို့ ရောက်ရှိသွားသည်။
အာကာသအချိန်ဓားပြ၏ စွမ်းရည်ကို အသုံးပြု၍ သူ့တိုက်ခိုက် မှုများကို အဆက်မပြတ်နှောင့်နှေးစေခဲ့သည်။ ကျိုးဝမ်သည် သိပ်ပြီး မကျွမ်းကျင်သေးသောကြောင့် နှောင့်နှေးမှုသည် အစပိုင်းတွင် အလွန်တိုတောင်းခဲ့သည်။ ကြန့်ကြာမှုသည် တစ်စက္ကန့်ကို ကျော် လွန်ခြင်းမှာ ဖြစ်ခဲလှသည်။
ကျွမ်းကျင်မှုတိုးလာသည်နှင့်အမျှ သူသည် နှောင့်နှေးခြင်းကို အများဆုံးဖြစ်သော နှစ်စက္ကန့် မှ သုံးစက္ကန့်အထိသာ ထုတ်လုပ်လာ နိုင်ခဲ့သည်။ သူသည် ကြောက်ရွံ့ခြင်းအဆင့်သို့ ဖြတ်ကျော်ရန် စွမ်း ရည်မရှိလျှင် ဆက်လက်နှောင့်နှေးနိုင်မည့် နည်းလမ်း မရှိတော့ပါ။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AvventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...