အခန်း(၁၂၇၁) တိုက်ပွဲမြင်ကွင်း
“ အမ်… ငါ ဘာလို့ ဒီကို ရောက်နေတာလဲ…”
လူးကတ်စ်သည် ကျိုးဝမ် နှင့် ဖီလိုကို အံ့အားသင့်စွာ ကြည့်နေ ခဲ့သည်..။
“ ကျိုးဝမ်က ရှင့်ကို ကယ်တင်ခဲ့တာ… မြန်မြန်လေး ကျေးဇူး တင်ကြောင်း ပြောလိုက်ဦး…”
ဖီလို ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။ မူလက သူမကို အတင်း အကြပ်ဖမ်းဆီးထားခြင်းအတွက် ကျိုးဝမ်ကို အနည်းငယ် ဒေါသထွက်နေခဲ့သည်..။
သို့သော်လည်း ကျိုးဝမ်ကို သူမကို လွှတ်ပေးလိုက်ပြီးနောက် တွင် လူးကတ်စ်က ရှေ့တွင် ရှိနေလိမ့်မည်ဟု ဖီလို မျှော်လင့်မထား မိပါ။ လူးကတ်စ်သည် အနည်းငယ် အားနည်းပြီး မူးနောက်နောက် ဖြစ်နေသော်လည်း သူ့တွင်ပြဿနာတစ်စုံတစ်ရာ မရှိပေ..။ ဖီလို သည် ကျေးဇူးလည်းတင်ပြီး ရှက်ရွံ့နေမိသည်။ ကျိုးဝမ်က အချိန်တဲ အတွင်းသို့ စွန့်စားဝင်ရောက်ပြီး လူးကတ်စ်ကို ကယ်တင်လိမ့်မည် ဟု သူမ မျှော်လင့်မထားမိပါ။ ကျိုးဝမ်သည် သေခြင်းတရားကို ကြောက်ရွံ့သောကြောင့် လူးကတ်စ်ကို ကယ်တင်ရန်အတွက် အတွင်းသို့ ဝင်ရောက်ရန် မဝံ့မရဲဖြစ်နေသည်ဟု ယခင်က သူမ သံသယဝင်နေခဲ့သည်။
“ ကျိုးဝမ် … ပစ္စုပ္ပန်တဲထဲကနေ မင်းငါ့ကို ဘယ်လိုခေါ်ထုတ် လာတာလဲ… ငါ ကိစ္စတုံးပြီးလို့ ထင်နေခဲ့တာ…”
လူးကတ်စ်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလာခဲ့၏။
ကျိုးဝမ်သည် ပစ္စုပ္ပန်တဲအတွင်း သူ ကြုံတွေ့ခဲ့ရသည်များကို မေးချင်သော်လည်း စကားစမြည်ပြောရမည့် အချိန်မဟုတ်သေးပါ။
“ အခု တဲထဲက ကြောက်စရာကောင်းတဲ့ တည်ရှိမှုက ငါတို့ကို လိုက်ဖမ်းနေတယ်.. အားလုံး လူခွဲပြီး ထွက်ပြေးကြမယ်… နောက်မှ စကားပြောကြတာပေါ့…”
ကျိုးဝမ်သည် ပြောရင်းဆိုရင်း ခဏတာ တယ်လီပို့ခြင်းနှင့် အတူ ပြေးထွက်သွားပြီးဖြစ်သည်။
အမျိုးသမီးက မည်သည့်အချိန်တွင် အမှီလိုက်လာလိမ့်မည်ကို သူ သေချာမသိပါ။ လူအများနှင့် အလောင်းများကို နေရာအနှံ့ သူ ဖြန့်ကြဲထားပြီး ဖြစ်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
Phiêu lưuGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...