အခန်း(၁၀၁၁) ကံကြမ္မာ၏ စမ်းသပ်ခြင်း
ကုဗတုံး၏ အဆင့်သတ်မှတ်ချက်များတွင် အုပ်ထိန်းသူများက ပိုမိုမြင့်မားသောအဆင့်ရရှိရန် အချင်းချင်း စတင်စိန်ခေါ်နေပြီ ဖြစ် သည်။
အုပ်ထိန်းသူများသည် ပထမနေရာအတွက် ရည်မှန်းသင့်သည် ဟု လူအများက ယုံကြည်ခဲ့ကြသည်။ ပထမနေရာမှလွဲပြီး အခြား အဆင့်များသည် များစွာအသုံးမဝင်ပါ..။ ပထမဖြစ်နေသည့် ယာ ကို စိန်ခေါ်သင့်သည်။
သို့သော်လည်း အမှန်တကယ်တွင် ယာကို မည်သူကမှ စိန်ခေါ် ခြင်းမရှိပေ..။ စိန်ခေါ်ခဲ့သောအုပ်ထိန်းသူများသည် အခြေခံအားဖြင့် ပဉ္စမနေရာအထက်တွင် ရှိနေခဲ့သည်။
ဤအရာကလည်း အုပ်ထိန်းသူများက မည်မျှလောက်အစွမ်း ထက်သည်ဆိုတာ နောက်ဆုံးတွင် လူတိုင်းသိမြင်စေခဲ့သည်။ အုပ် ထိန်းသူများရှိသည့် လူသားများမှာ ဒဏ္ဍာရီလာအဆင့်သတ္တဝါများ နှင့် ညီမျှသည်။ သူတို့တွင် တွဲဖက်သားရဲများ နှင့် ဒဏ္ဍာရီလာအဆင့် စွမ်းရည်မျိုးစုံ ရှိခဲ့သည်။ သူတို့သည် ဒဏ္ဍာရီလာအဆင့်တွဲဖက်သား ရဲတစ်ကောင်ထက် အဆပေါင်းများစွာ အားကောင်းနေခဲ့သည်။
အုပ်ထိန်းသူများအကြားတိုက်ပွဲသည် တွဲဖက်သားရဲများကြား တိုက်ပွဲထက် ပို၍ရှုပ်ထွေးပြီး စိတ်ဝင်စားစရာကောင်းသည်။
တွဲဖက်သားရဲတစ်ကောင် ရှုံးနိမ့်သွားသည်နှင့် တစ်ပြိုင်နက် ပြန်ပြီးအနိုင်ယူရန်မျှော်လင့်ချက်မရှိပေ..။ သို့သော်လည်း အုပ်ထိန်း သူများအကြားတိုက်ပွဲသည် အမြဲတမ်းပြောင်းလဲနေခဲ့သည်။ မည် သည့်အချက်ဖြစ်စေ တိုက်ပွဲရလဒ်ကို ပြောင်းလဲနိုင်သည်။
အဆင့်ဇယားမှ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ သည့် မုသားမှလွဲပြီး အုပ်ထိန်းသူများအတွက် အဆင့်ငါးနေရာထက် ကျော်လွန်သောစိန်ခေါ်မှုများသည် ပိုမိုများပြားလာခဲ့၏။ အုပ်ထိန်း သူအသစ်များသည် အဆင့်ဇယားတွင် ပါဝင်လာခဲ့သည်။
သို့သော်လည်း အချင်းချင်းကောင်းစွာ မသိကြကြောင်း ထင် ရှားနေသည်။ သူတို့သည် တစ်ဖက်သား၏ အရည်အချင်းကို စမ်း သပ်ကြသည်။ သူတို့သည် သေသည်အထိ တိုက်ခိုက်ခြင်းမပြုဘဲ အရည်အချင်းများစွာကို ဖုံးကွယ်ထားကြဖွယ်ရှိသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...