1246 - 1250

64 6 0
                                    

အခန်း(၁၂၄၆) လနတ်ဘုရားမလား…?

         ကျိုးဝမ်သည် သူ့ဖုန်းကို အမြန်ထုတ်ယူလိုက်ပြီး အဓိကတိုက် ရိုက်ထုတ်လွှင့်မှုဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။ မကြာမီ ကုဗတုံး၏ မြင်ကွင်းကို သူ မြင်လိုက်ရပါပြီ..။

မြင်ကွင်းကိုကြည့်ရချိန်တွင် ကျိုးဝမ် အတော်လေး အံ့အားသင့် သွားခဲ့သည်။

မြင်ကွင်းအတွင်းရှိ သတ္တဝါသည် အဖြူရောင်ပိတ်သားဝတ်ရုံ ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ပူလောင်လွန်းသော ဗီးနပ်စ် ဂြိုဟ်ပေါ်တွင် အင်္ကျီလက်စများက အနည်းငယ် တဖျတ်ဖျတ်လွန့် လူးနေသည်။ ၎င်း၏ ခန္ဓာကိုယ်က အရောင်ဖျော့ဖျော့ ထွက်ပေါ်နေ ပြီး အကြောင်းတစ်ခုခုကြောင့် အေးမြခြင်းနှင့် ငြိမ်းချမ်းမှုကို ခံစားရ စေသည်..။

        [ ဆုကူယိုမီ…]

သာမန်လူများသည် သူမ၏ မျက်နှာကို အုပ်ထားသည့် ပိတ်စ  နှင့် အလင်းရောင်ကြောင့် မှုန်ဝါးသွားစေသည့် ရုပ်သွင်တို့ကြောင့် ဆုကူယိုမီ၏ ရုပ်သွင်အမှန်ကို ပိုင်းခြားမသိနိုင်သော်လည်း ကျိုးဝမ် အနေဖြင့် သူမကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနေဆဲပါ….။

ဆုကူယိုမီ၏ စိတ်နေစိတ်ထားမှာ တမူထူးခြားသည်။ သူမနှင့် အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ပြီးနောက် သူမကို နားလည် ရန် လွယ်ကူခဲ့သည်..။

        [ ဆုကူယိုမီ တကယ်ဝင်ရောက်တော့မှာလား…]

        ကျိုးဝမ် သက်ပြင်းချမိသည်။ ဆုကူယိုမီသည် အဘယ့်ကြောင့် ကမ္ဘာမြေမှ ထွက်ခွာရန် ဆန္ဒမရှိခဲ့သည်ကို နောက်ဆုံးတွင် သူ နား လည်လာခဲ့သည်။

သို့သော်လည်း ဆုကူယိုမီသည် နောက်ဆုံးတွင် သူ့အကူအညီ ကို ငြင်းပယ်ခဲ့ပြီး ကမ္ဘာမြေမှ ထွက်ခွာရန် ရွေးချယ်သွားခဲ့သည်..။ ဤအရာကို ကျိုးဝမ်ကို ပဟေဠိဖြစ်စေသည်။

      ဆုကူယိုမီ သည် စက်ဝိုင်းခြမ်းပုံသတ္တုအဆောက်အဦး၏ စင်မြင့်ပေါ်သို့ ဆင်းသက်ခဲ့သည်။ သူမ၏ သွေးတစ်စက်ကို စင်မြင့် ပေါ်သို့ မချခဲ့ပါ။ ထိုအစား သူမသည် ခြေတစ်လှမ်း လှမ်းလိုက်သည် နှင့် အခန်းအတွင်းသို့ ရောက်ရှိသွားသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now