အခန်း(၁၁၁၁) ပျောက်ဆုံးနေသော အုပ်ထိန်းသူ
[ ဂရင်းနတ်ဆိုး ဘယ်ရောက်သွားတာလဲ…]
ကျိုးဝမ် နောက်ဆုတ်နေရင်း လှည့်ပတ်ရှာကြည့်ခဲ့သော်လည်း ဂရင်းနတ်ဆိုးကို မမြင်မိပါ..။
ဂရင်းနတ်ဆိုးသည်လည်း ဤဧရိယာမှ ကုဗတုံးအတွင်းသို့ ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။ အရှုံးပေးပြီးနောက်တွင် ဤနေရာတွင် သူ ရှိနေသင့်သည်။
အစောပိုင်း ထိပ်တန်းအုပ်ထိန်းသူ ၁၀ ယောက်၏ အုပ်စုလိုက် တိုက်ပွဲတွင် ဂရင်းနတ်ဆိုး ပါဝင်လာခြင်းကို သူ မမြင်ခဲ့ရပါ။ ယခု အခါ ၎င်းကို ရှာမတွေ့နိုင်သဖြင့် အသတ်ခံလိုက်ရပြီလားဟု ကျိုးဝမ် တွေးလိုက်မိသည်..။
ယခင်က ဂရင်းနတ်ဆိုးသည် သူ၏သစ္စာစောင့်သိမှုကို လူသိ ရှင်ကြား ကတိပြုခဲ့ဖူးသည်။ ဒိုင်မေးရှင်းအတွက် သူ့ကို တိုက်ခိုက် ခွင့်ပြုရန်မှာ သေချာပေါက်မဖြစ်နိုင်ပေ..။
သို့သော်လည်း ကျိုးဝမ်သည် ဂရင်းနတ်ဆိုးကို ရှာရန် အချိန် မရှိပေ..။ အမှန်တရားနားထောင်သူသည် ပြင်းထန်စွာဒဏ်ရာများရှိ နေသည့်ခန္ဓာကိုယ်နှင့် ခုန်အုပ်လာခဲ့ပါပြီ..။ ၎င်း၏ နားကွင်းခြောက် ခုသည် ပြင်းပြင်းထန်ထန်ကွဲကြေသွားခဲ့ပြီး ဘေးဥပဒ်ကပ်ဘေး အဆင့်သို့ ဝင်ရောက်ခဲ့သည်။ ငုပ်လျှိုးနေသော အန္တရာယ်များစွာမှာ ယခုအခါ ပေါ်ထွက်ခဲ့ပါပြီ..။ ၎င်းသည် ကျိုးဝမ်နှင့် ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ရုံသာမက စိတ်ခံစားမှုများသည်ပင် လွန်စွာ မတည်မငြိမ်သွားပုံပေါ်၏။ ရက်စက်ကြမ်းကြုတ်မှုများ နှင့် အညှာ အတာကင်းမဲ့ခြင်းများ ပြည့်နှက်နေသည်။
သို့သော်လည်း ၎င်း၏ဒဏ်ရာများမှာ ပြင်းထန်လွန်းသည်။ ဘေးဥပဒ်ကပ်ဘေးအဆင့်ခွန်အားရှိနေသော်လည်း အင်အားများစွာ မကျန်ရှိတော့ပေ..။
ကျိုးဝမ် သည် ငှက်ပျောသီးနတ်သူငယ်မလေးကို ဆင့်ခေါ် လိုက်ရာ အမြင့်မြတ်ဆုံးယင်လေပြင်းတစ်ချက်မှုတ်လိုက်သည်နှင့် အမှန်တရားနားထောင်သူသည် အဝေးသို့ ကျွမ်းထိုးမှောက်ခုံ လွင့် စင်သွားသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
Phiêu lưuGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...