1161 - 1165

166 13 0
                                    

အခန်း(၁၁၆၁) အမျိုးသမီးဓားအင်မော်တယ်

        ချင်မူ၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပါပြီ။ ကျိုးဝမ်ကို သူ့ အမဆီသို့ မခေါ်သွားဝံ့ပါ..။ ထို့အပြင် ဤလူသည် သူ့အမဆီသို့ အမှန်တကယ် လည်ပတ်ဝံ့မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ…။

   သူ့ရည်းစား ဤနေရာတွင် ရှိနေသည့်အချက်ကို လျစ်လျူရှု ထားလိုက်လျှင်ပင် အမျိုးသမီးဓားအင်မော်တယ်ဖြစ်သော သူ့အမ ၏ ကျော်ကြားမှုသည် လူပျိုလှည့်သူများစွာကို အဝေးသို့ ကြောက် လန့်ထွက်ပြေးစေရန် လုံလောက်နေပါပြီ။ သာမန်အမျိုးသားများ သည် သူ့အမ၏ ရှေ့မှောက်တွင် ရပ်ရန်ပင် သတ္တိမရှိကြပါ..။

သို့သော်လည်း ချင်မူသည် ထိုအကြောင်းကို ပြန်တွေးကြည့် လိုက်သည်။ ထူးချွန်ထက်မြက်သောအမျိုးသားများစွာကို သူ မြင်ဖူး သော်လည်း သူ့အမရှေ့တွင် အမှန်တကယ် ရပ်လိုက်ရသောအခါ အားလုံးသည် ယုံကြည်မှုပျောက်ဆုံးသွားကြသည်။ ချင်ကျန်း၏ အရှိန်အဝါသည် ပြင်းထန်လွန်းသောကြောင့် သူတို့သည် ပြောဆိုရန် စကားလုံးများ ပျောက်ဆုံးကုန်ကြသည်..။

ချင်ကျန်းကိုတွေ့ရန် ကျိုးဝမ် အား အမှန်တကယ် ခေါ်ဆောင် သွားလျှင်ပင် ၎င်းသည် အမ၏ ရှေ့မှောက်တွင် မည်သည့်စကားမှ မပြောဝံ့ခြင်း ဖြစ်ကောင်း ဖြစ်သွားလိမ့်မည်။ သူ့အခက်အခဲမှလည်း လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်သည်..။

        “ စီနီယာ…ကျွန်တော့် အမကို တကယ် တွေ့ချင်နေတာလား ”

        ချင်မူက ကျိုးဝမ်ကို မေးမြန်းလိုက်သည်..။

        “ ဒီအပေါ်မှာ ငါတို့ သဘောတူထားခဲ့တယ် မဟုတ်ဘူးလား..”

        ကျိုးဝမ် က ပြောလိုက်သည်..။

        “ ကောင်းပြီ… ကျွန်တော်… ချင်မူက အရှုံးကို ဝန်ခံတယ်… အခု စီနီယာကို ကျွန်တော်ခေါ်သွားမယ်… စီနီယာ့မှာ သတ္တိရှိတယ် ဆိုရင် ကျွန်တော့်နောက်က လိုက်ခဲ့ပါ…”

        ချင်မူက ပြောပြီးနောက် လေ့ကျင့်ရေးကွင်းမှ လမ်းလျှောက် ထွက်သွားခဲ့ပါပြီ…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now