အခန်း(၁၀၄၁) ၄၈ နာရီ
စိတ်အတွင်း ဤအတွေးနှင့်အတူ ကျိုးဝမ်သည် ယာကို စိန်ခေါ် ရန် တွဲဖက်သားရဲတစ်ကောင်ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဤတွဲဖက်သားရဲသည် ကျုံးကျီယာ သိထားရမည်။ အကယ်၍ ယာက ဤတွဲဖက်သားရဲ၏စိန်ခေါ်မှုကို လက်ခံခဲ့လျှင် ထိုလူသည် သေချာပေါက် ကျုံးကျီယာ ဖြစ်နိုင်သည်။
အမှန်တကယ်တော့ ဤကိစ္စသည် သတိထားရမည်ဖြစ်သော ကြောင့် သူ၏အဓိကတိုက်ခိုက်ရေးအင်အားကို ကျိုးဝမ်အနေဖြင့် စတေးလိမ့်မည် မဟုတ်ပေ..။
[ သူ့ကို စိန်ခေါ်ဖို့ ဘယ်တွဲဖက်သားရဲကို လွှတ်ရမလဲ… ]
အနည်းငယ် စဉ်းစားပြီးနောက် ကျိုးဝမ်သည် သင့်တော်သော တွဲဖက်သားရဲကို မစဉ်းစားနိုင်ပေ..။
အကယ်၍ သူသည် အာဏာရှင်ဘီလူးကြီးလိုမျိုး အဓိကတိုက် ခိုက်ရေးသားရဲကို စေလွှတ်လိုက်မည်ဆိုလျှင် ကျုံးကျီယာ သာမက ဤအရာမှာ ကျိုးဝမ်၏တွဲဖက်သားရဲမှန်း လူတိုင်းသိသွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ယာသည် ကျုံးကျီယာ မဟုတ်ခဲ့လျှင် မည်သည့်ထူး ဆန်းသောစွမ်းရည်များ ထွက်ပေါ်လာလိမ့်မည်ကို မည်သူသိနိုင် မည်နည်း..။ အာဏာရှင်ဘီလူးကြီးသာ သတ်ခံလိုက်ရလျှင် ကြီးမား သော ဆုံးရှုံးမှု ဖြစ်သွားလိမ့်မည်…။
ညဧကရာဇ် နှင့် ကြောက်ရွံ့ခြင်းအဆင့်ရောက်ပြီးသော တခြား အုပ်ထိန်းသူများကို စိုးရိမ်ခြင်းမရှိလျှင် ကျိုးဝမ်သည် ပထမနေရာကို ယှဉ်ပြိုင်ရန် နတ်ဆိုးကလေးငယ်အား စေလွှတ်ခြင်းသည် မဆိုးလှ သောအကြံ ဖြစ်လိမ့်မည်။ သို့သော်လည်း ကျိုးဝမ်သည် အရိပ်များ အတွင်း ကြောက်ရွံ့ခြင်းအဆင်တည်ရှိမှုများ မည်မျှရှိသည်ကို မသိ နိုင်ပါ။ ယခုကဲ့သို့ သက်စွန့်ကြိုးပမ်းမှုမျိုးကို သူ မလုပ်ဝံ့ပေ…။
ခဏကြာ တွေးတောပြီးနောက် ကျိုးဝမ်သည် သင့်လျော်သော တွဲဖက်သားရဲတစ်ကောင်ကို စဉ်းစားနိုင်ခဲ့သည်။
အတိတ်တုန်းက ကျုံးကျီယာသည် ကိုယ်ပျောက်ဝတ်ရုံတွဲဖက် သားရဲဥကို မီဒူဆာ၏ ဒိုင်မေးရှင်းအမြုတေအတွက် အလဲအလှယ် အဖြစ် အသုံးပြုခဲ့ပြီး ဤသားရဲသည် ကျိုးဝမ်နှင့်အတူရှိနေမှန်း လူအများအပြား မသိခဲ့ကြပါ..။ ကျုံးကျီယာသည် လူနည်းစုထဲမှ တစ်ယောက်ပင်..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...