1166 - 1170

166 13 0
                                    

အခန်း(၁၁၆၆) မသတ်ဖြတ်ခြင်း၏ နတ်ဘုရား

        ကျိုးဝမ် သည် မြေပြင်ပေါ်ရှိ လူကို လှမ်းဆွဲလိုက်၏။ အနက် ရောင်ဝတ်ရုံနှင့်လူသည် သတိလစ်နေသူထံ ဂူကောင်များစွာ ပို့လွှတ် ရန် တုံ့ဆိုင်းမနေခဲ့ပါ..။ သဲမုန်တိုင်းလိုမျိုး နေရာတိုင်းတွင် ရှိနေကြ သည်..။

အဆိုပါဂူကောင်များ၏ စရိုက်လက္ခဏာများမှာ လုံးဝကွဲပြား ကြသည်။ သာမန်လူတစ်ယောက်ဖြစ်လျှင် ဤမျှလောက်ဂူကောင် အများကြီးကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ..။

        ကျိုးဝမ် မလှုပ်ရှားသေးခင် ငှက်ပေါက်စက ရှည်လျားသော အော်ဟစ်သံတစ်ခု ပြလုပ်လိုက်၏။ မရေမတွက်နိုင်သော ဂူကောင် များသည် ချက်ချင်းပင် ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့သည်။ သေ ဆုံးသွားခြင်း မရှိသော်လည်း မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင် လဲလျောင်းနေကြပြီး သခင်၏ အမိန့်ကို လုံးဝလျစ်လျူရှုထားသည်။

အနက်ရောင်ဝတ်ရုံလူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ဂူကောင်များကို တိုက်တွန်းသော်လည်း လုံးဝအသုံးမဝင်တော့ပါ။ ဒဏ္ဍာရီလာအဆင့်ဂူကောင်များသည်ပင် မြေပြင်ပေါ်တွင် တိတ်တ ဆိတ် တုန်ယင်နေသည်။ မည်သို့ပင် တိုက်တွန်းသည်ဖြစ်စေ တုံ့ပြန် မှု မရှိကြပေ..။

အနက်ရောင်ဝတ်ရုံလူသည် သူ့လျှာဖျားကို ကိုက်လိုက်ပြီး ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ဂူကောင်များကို နှိုး ဆော်ရန်အတွက် သူ့သွေးအနှစ်သာရကို အသုံးပြုခဲ့သော်လည်း ၎င်း တို့သည် လှုပ်ပင်မလှုပ်ကြတော့ပါ..။

        [ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ]

အနက်ရောင်ဝတ်ရုံလူ ထိတ်လန့်သွားသည်..။

အဆိုပါဂူကောင်များ၏ ရှင်သန်ခြင်းသည် သူနှင့် ရှုပ်ထွေးစွာ ဆက်စပ်နေသည်။ သူ့အလားအလာကို မြှင့်တင်ရန် သွေးအနှစ်သာ ရနှင့် ရှေးဦးမူလစွမ်းအားများကို အတင်းအကြပ် ထွေးထုတ်ပစ်ပြီး ဂူ ကောင်များကို သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားရစေသည်။ အများအားဖြင့် ၎င်းတို့သည် သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။ အကယ်၍ ၎င်းတို့၏ သဘာဝရန်သူနှင့် ကြုံလာခဲ့ရင်တောင် သေ သည်အထိ တိုက်ခိုက်ကြမည် ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now