အခန်း(၁၂၃၆) ထူးဆန်းသော ကျောက်စိမ်းအလုံး
“ အမ်… ဘာဖြစ်တာလဲ…”
ကျိုးဝမ်သည် သူ့ဖုန်းကို ကိုင်ထားရင်း ကျောက်စိမ်းအလုံးကို ချိန်ရွယ်ထား၏။ ကျောက်စိမ်းအလုံးကို ကင်မရာဖြင့် ထောင့်ပေါင်း စုံမှ ချိန်ရွယ်ထားသော်လည်း သူ့ဖုန်းက တုံံ့ပြန်မှု လုံးဝမရှိပါ..။
တစ်စုံတစ်ခုမှားယွင်းနေပြီမှန်း ကျိုဝမ် ချက်ချင်း သိလိုက်၏။ အကယ်၍ တွဲဖက်သားရဲဥတစ်လုံးဖြစ်မည်ဆိုလျှင် ဖုန်းက သေချာ ပေါက် တုံ့ပြန်လိမ့်မည် ဖြစ်သည်။ ဂိမ်းအတွင်း သိမ်းဆည်းနိုင်မည် ဖြစ်သည်။
ယခုအခါ ဖုန်းမှ တုံ့ပြန်မှုမရှိတော့သဖြင့် ဖြစ်နိုင်ခြေတစ်ခု တည်းသာ ရှိတော့သည်။ ဤအရာသည် တွဲဖက်သားရဲဥ မဟုတ်ပါ။
“ မဖြစ်နိုင်ပါဘူး…”
ကျိုးဝမ်သည် ကျောက်စိမ်းအလုံးကို မှုန်ကုပ်ကုပ်ဖြင့် ကြည့် နေမိသည်။ ဤမျှကြီးမားသောစွန့်စားမှုကို ပြုလုပ်ခဲ့ပြီး ၎င်းကို ရရှိ ရန်အလွန်ကြိုးပမ်းအားထုတ်ခဲ့ရသော်လည်း ဤအရာသည် တွဲဖက် သားရဲဥတစ်လုံး မဟုတ်ခဲ့ပါ..။
“ ဒါဘာလဲ… တွဲဖက်သားရဲဥတစ်လုံး မဟုတ်ရင်တောင် ဘေး ဥပဒ်ကပ်ဘေးအဆင့် နဂါးလိပ်က မသေခင်လေးမှာ ထွေးထုတ်ခဲ့ တာကြောင့် ကောင်းတာတစ်ခုခုတော့ ဖြစ်သင့်တယ်မလား…”
အချိန်အတော်ကြာအောင် ကျိုးဝမ် ဂရုတစိုက်လေ့လာခဲ့သော် လည်း အဖြေရှာမရခဲ့ပါ..။
ဤအရာသည် အဝေးကြည့်ကြည့် အနီးကြည့်ကြည့် ဘောလုံး တစ်လုံးလိုပင်..။ အချိန်အတော်ကြာ ဟိုလုပ်ဒီလုပ်လှည့်ပတ်ကြည့် ပြီးသည့်တိုင် ဘောလုံးတစ်လုံး ဖြစ်နေသည်။
၎င်းတွင် စွမ်းအင်ထုတ်လွှတ်နိုင်စွမ်း မရှိသလို အထူးတုံ့ပြန်မှု လည်း မရှိပါ။ သက်မဲ့အရာဝတ္ထုတစ်ခုလိုပင်…။
“ ဒါက နဂါးလိပ်ရဲ့ အစာအိမ်ထဲက သည်းခြေကျောက် ဖြစ်နိုင် လား… မသေခင် လည်ချောင်းထဲတစ်နေတော့ ထွေးထုတ်လိုက် တာ ဖြစ်နေမလား…”
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
MaceraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...