အခန်း(၁၀၈၁) သူငယ်ချင်းတွေ ထပ်မလိုတော့ဘူး
ဂူခေတ် ရှုံးနိမ့်သွားပြီးနောက်တွင် အုပ်ထိန်းသူများမှ ယာကို ထပ်မံစိန်ခေါ်ခြင်း မရှိပါ။ အခြားသောအုပ်ထိန်းသူက ယာကို စိန်မ ခေါ်ခင် တစ်စက္ကန့်သာ ကျန်တော့သည်အထိ အချိန်ဖြတ်ကျော် သွားခဲ့သည်။
“ တကယ်ပါပဲ … သူတို့က လူသားတစ်ဝက်ဖြစ်တဲ့ ယာကို လွယ်လွယ်နဲ့ ပထမနေရာ ရစေလိမ့်မှာ မဟုတ်ဘူး…”
ကျန်းချွန်းချိုး သည် ကုဗတုံးကို ကြည့်ရင်း သက်ပြင်းချလိုက် သည်..။
“ အချိန်ရဲ့စွမ်းအားနဲ့ ဂူခေတ်တောင် ရှုံးနိမ့်သွးတာပဲ… အချိန် ထက် အစွမ်းထက်တဲ့ အုပ်ထိန်းသူတွေ ရှိသေးလား..”
ကျန်းယုကျစ်က စဉ်းစားရခက်ဟန်ဖြင့် မေးမြန်းလိုက်သည်။
ကျန်းချွန်းချိုးက ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“ အချိန်ဆိုတာ တကယ်ကို အစွမ်းထက်တဲ့ အရည်အချင်းတစ် ခုပါ.. သီအိုရီအရဆိုရင် အချိန် နဲ့ လေဟာနယ် တို့ဟာ အမျိုးမျိုး သောအရည်အချင်းတွေကြားမှာ ထိတ်တန်းအဆင့် စွမ်းရည်လို့ ယူဆသင့်တယ်… ဒါပေမယ့်လည်း အဲဒီနယ်ပယ်မှာဆိုရင် စွမ်းရည် တွေအကြား ဖိနှိပ်သာလွန်ခြင်းဟာ အရေးအကြီးဆုံး မဟုတ်တော့ ဘူး…စွမ်းရည်တစ်ခုရဲ့ အားကောင်းခြင်းဟာလည်း လူတစ်ယောက် ရဲ့ တိုက်ခိုက်ရေးအားကောင်းခြင်းကို ဆုံးဖြတ်နိုင်မယ့် အရေးကြီးတဲ့ စံနှုန်းတစ်ခု မဟုတ်တော့ပါဘူး…”
“ ဒါဆို ဘယ်သူက ပိုအားကြောင်းပြီး ဘယ်သူက ပိုအားနည်း တယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်ကြမလဲ…”
“ ဘယ်သူရဲ့ စိတ်စွမ်းအားက ပိုသန်မာမလဲ…ဘယ်သူရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ပိုနက်ရှိုင်းမလဲ… ဘယ်သူက တိုက်ခိုက် ရေးမှာ ပိုကောင်းမွန်လဲဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်သွားပြီ.. ဒီအဆင့်မှာ အားနည်သူသာရှိနိုင်ပြီး အားနည်းတဲ့အရည်အချင်းစွမ်း ရည်တွေမရှိတော့ဘူး…မည်သည့်စွမ်းရည်ဖြစ်နေပါစေ… အားနည်း နေပုံရပေမယ့် မှန်ကန်စွာအသုံးပြုနိုင်သရွေ့ အောင်မြင်မှုရဲ့ သော့ ချက် ဖြစ်လာနိုင်ပါတယ်…”
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
ПриключенияGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...