အခန်း(၁၁၅၆) ကြင်ယာတော် မင်းသားကို နှုတ်ဆက်ခြင်း
ည…။
အန်ရှန့် သည် ကျိုးဝမ် နှင့် ယာအာ တို့ကို အိမ်ရှေ့ခန်းမတွင် ကျင်းပသည့် စားသောက်ပွဲသို့ ဖိတ်ကြားရန် ရောက်လာခဲ့သည်..။
ဆုကူယိုမီသည် ကျိုးဝမ်နောက်သို့ တစ်ချိန်လုံး လိုက်နေသော ကြောင့် သူမကို တစ်ပါတည်းခေါ်သွားရုံမှလွဲပြီး ရွေးချယ်စရာ မရှိ တော့ပါ..။
အဖွဲ့သည် အိမ်ရှေ့ခန်းမသို့ မရောက်မီ ရွှေရောင်အလင်းတန်း တစ်ခု လွင့်ပျံလာသည်ကို သူတို့ မြင်လိုက်ရပြီး တစ်ဆက်တည်းမှာ ပင် ကျိုးဝမ်၏ ရှေ့တွင် ပေါ်လာခဲ့သည်..။
ကျိုးဝမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ထူးဆန်းသော ရွှေရောင်ငှက်မွှေးများရှိသည့် ငှက်တစ်ကောင် ဆင်းသက်လာသည် ကို မြင်လိုက်ရသည်။ ငှက်ပေါက်စလေးပင်..။
သို့သော်လည်း ယခုအခါ ငှက်ပေါက်စလေး၏ ခန္ဓာကိုယ်သည် ကြီးမားသောလင်းယုန်ငှက်နှင့် ဆင်တူ၏။ ၎င်း၏ ခန္ဓာကိုယ်သည် လည်း ပုံရိပ်အားဖြင့်အလွန်ဆင်တူသောကြောင့် ကျိုးဝမ်ကို စဉ်းစား ရခက်သွားစေသည်။ သူ့ကိုယ်သူ တွေးတောလိုက်မိသည်..။
[ ထူးဆန်းလိုက်တာ… ငှက်ပေါက်စက ဖီးနစ်ငှက်ရဲ့ မျိုးဆက် မဟုတ်ဘူးလား… ဘာလို့ လင်းယုန်ငှက်တစ်ကောင်နဲ့ ပိုပြီး တူနေ ရတာပါလိမ့်…]
သို့သော်လည်း ငှက်ပေါက်စလေး နှင့် ပြန်လည်ပေါင်းစည်းနိုင် ခြင်းကြောင့် ကျိုးဝမ် ဝမ်းသာနေခဲ့သည်။ လက်ဆန့်ထုတ်ပြီး ငှက် ပေါက်စလေး၏ ငှက်မွှေးများကို ပွတ်သပ်ပေးလိုက်ရာ ၎င်းတို့ အောက်တွင် အပူစီးကြောင်းတစ်ခု စီးဆင်းနေသည်ကို ဝိုးတဝါး ခံစားလိုက်ရသည်..။
ငှက်ပေါက်စလေးက ခေါင်းကို ဆန့်ထုတ်ကာ ကျိုးဝမ်၏ ခန္ဓာ ကိုယ်ကို ပွတ်သပ်နေသည်။ ငါးနှစ်ကြာ ခွဲခွာခဲ့ရသော်လည်း မရင်း နှီးတော့သလို မခံစားရပေ..။
ငှက်ပေါက်စလေးကို ကိုင်တွယ်စေရန် ဖီးနစ်ငှက်က သူ့ကို အဘယ့်ကြောင့် ရွေးချယ်ခဲ့မှန်း ကျိုးဝမ် နားမလည်နိုင်သေးပါ..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...