1106 - 1110

175 20 0
                                    

အခန်း(၁၁၀၆) သိထျန်း

    ကျိုးဝမ်၏ အမူအရာမှာ လေးနက်နေသည်။ တစ်ဖက်လူက ယခုအချိန်တွင် ဆင်းသက်လာခြင်းမှာ အသေခံလာသည့် ရှေ့ပြေး တပ်သားများ မဖြစ်နိုင်ကြောင်း သူ သိနေသည်။ ဘေးဥပဒ်ကပ်ဘေး အဆင့်ဖြစ်ရန် အခွင့်အလမ်း မြင့်မားသည်။

       ထို့အပြင် ကုဗတုံးတိုက်ပွဲကို ဦးစီးနိုင်ခြင်းကြောင့် ဒိုင်မေးရှင်း  အတွင်း ၎င်း၏ အဆင့်အတန်းသည် နိမ့်ကျမည် မဟုတ်ပေ..။

ငှက်ပျောသီးနတ်သူငယ်မလေးသည် ပထမဆုံး ဆင့်ခေါ်ခံရသူ ဖြစ်သည်။ သူ့တွဲဖက်သားရဲကိရိယာများကို ပြန်လည်သိမ်းဆည်း ပြီးပါပြီ..။ အမှန်တရားနားထောင်သူ၏ နားကွင်းသည် ပုံရိပ်ကို အဆက်မပြတ်စကင်န်ဖတ်ကြည့်နေသော်လည်း  ကြောက်မက်ဖွယ် အရှိန်အဝါမှလွဲပြီ မည်သည့်အရာကိုမှ မကြားရပါ..။

ကျိုးဝမ်သည် နောက်ဆုတ်ရန် ရည်ရွယ်ထားပြီးပါပြီ။ ဒဏ္ဍာရီ လာအဆင့်အထက်တွင် အဆင့်အတန်းကြား ကြီးမားသောကွာဟ ချက်ရှိသည်။ ဥပမအားဖြင့် ကြောက်ရွံ့ခြင်းအဆင့်အောက် သတ္တဝါ သည် ကြောက်ရွံ့ခြင်းအဆင့်သတ္တဝါကို ထိခိုက်အောင် မလုပ်နိုင်ပါ။

ဘေးဥပဒ်ကပ်ဘေးအဆင့်တိုင်းတွင် သူတို့၏ ကိုယ်ပိုင် တမူ ထူးခြားခြင်းများ ရှိသည်။ ကြောက်ရွံ့ခြင်းအဆင့်တစ်ဦးပင်လျှင် ဘေးဥပဒ်ကပ်ဘေးအဆင့်၏ရှေ့တွင် ကလေးတစ်ယောက်လို အား နည်းသွားပြီး ဒဏ္ဍာရီလာအဆင့်သို့ ဝင်ရောက်ခါစ ကျိုးဝမ်အတွက် ပြောစရာပင် မလိုတော့ပါ..။

ဆင်းသက်လာသည့် ဒိုင်မေးရှင်းသတ္တဝါသည် အစစ်အမှန် ဘေးဥပဒ်ကပ်ဘေးအဆင့်၏ စွမ်းအားများ အမှန်တကယ်ရှိနေလျှင် နတ်ဆိုးကလေးငယ်နှင့် ငှက်ပျောသီးနတ်သူငယ်မလေးကို ဆင့်ခေါ် ထားလျှင်ပင် အနိုင်ရရန် အခွင့်အရေး မရှိပါ…။

    ကျိုးဝမ်က အရင်ဆုံး တစ်ချက်ကြည့်ရန် စီစဉ်ထားခဲ့သည်။ အကယ်၍ အခြားတစ်ဖက်သည် ဘေးဥပဒ်ကပ်ဘေးအဆင့် အစစ် အမှန်ဖြစ်ကြောင်း သူ သေချာခဲ့လျှင် ရှုံးနိမ့်ခြင်းကို ဝန်ခံပြီး ထွက်ခွာ သွားမည်ဖြစ်သည်။ ကျိုးဝမ်သည် ပထမနေရာကို လိုချင်သော် လည်း သူ့အသက်က ပိုအရးကြီးကြောင်း ထင်ရှားပါသည်..။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now