1146 - 1150

164 15 0
                                    

အခန်း(၁၁၄၆) တွေ့ဆုံခြင်း

ဘေးနားတွင်ရှိနေသော မိန်းကလေးသည် သူတို့ပြောစကား များကို ကြားရသောအခါ ချက်ချင်းဆိုသလို သံသယစိတ်ဖြင့် အကဲ ခတ်ပြီး မေးမြန်းလာခဲ့သည်။

        “ ရှင်တို့က တောက်ပသောမျှော်လင့်ချက်ကောလိပ်မှ ကျောင်း သူ၊ ကျောင်းသားတွေ မဟုတ်ဘူးလား…”

        ကျိုးဝမ် ဖြေမည်ကို စောင့်ဆိုင်းခြင်းမရှိဘဲ မိန်းကလေးသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

        “ ကျွန်မ နားလည်ပြီ … ရှင်တို့က တောက်ပသောမျှော်လင့် ချက်ကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားတွေ မဟုတ်ဘူး…ဒါပေ မယ့် ပရော်ဖက်ဆာ မင်လိုမျိုး အဲဒီကောလိပ်က နည်းပြဆရာတွေ ဖြစ်ရမယ်… ပရော်ဖက်ဆာ မင်ရဲ့ ကျော်ကြားမှုကြောင့် သူ့ကို ရှင် တို့က မနာလိုဖြစ်နေတာမလား…”

စကားပြောပြီးသည်နှင့် မိန်းကလေးသည် ကျိုးဝမ် နှင့် ဆုကူ ယိုမီတို့သည် မည်သည့်နေရာမှ လာသည်ကို သိသွားပုံပေါ်သည်။ သူမက လက်ဆန့်တန်းကာ ကျိုးဝမ်၏ ပခုံးကို ပုတ်ပေးလိုက်ရင်း ပြောလာခဲ့သည်..။

        “ ရှင့် အရည်အချင်း နဲ့ အောင်မြင်မှုတွေက တခြားသူတွေ လောက် ကောင်းမွန်ခြင်းမရှိတာ ရှင့်အမှားမဟုတ်ဘူး…ဒါပေမယ့် မနာလိုစိတ်ကြောင့် တခြားသူတွေရဲ့ နောက်ကွယ်မှာ မကောင်း စကားပြောတာက အပြုအမူကောင်း မဟုတ်ဘူး… ရှင့်ခံစားချက်ကို ကျွန်မ နားလည်ပါတယ်… ရှင် နဲ့ ပါရမီရှင်တစ်ယောက်ကြားက ကွာဟချက်ဟာ ပိုကြီးမားသည်ထက် ကြီးမားလာသည်ကို ကြည့် ရင်း စိတ်ပျက်အားငယ်စိတ်ကို တကယ် ခံစားရမှာပါ… ဒါပေမယ့် လည်း လူတစ်ယောက်ဟာ ရိုးသားရမယ် မဟုတ်ရင် ရိုက်နှက်ခြင်း ကို အမှန်တကယ် ခံစားရလိမ့်မယ်… ဒီမှာ ကျောင်းသားအများစုက ပရော်ဖက်ဆာ မင်ရဲ့ ပရိသတ်တွေပါ…”

        ကျိုးဝမ် သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူတို့နှစ်ဦးကို စူးစူးစိုက်စိုက် ကြည့်နေသော ကျောင်းသူ၊ ကျောင်းသားများစွာ ရှိနေ ကြောင်း သိလိုက်ရသည်။ သူတို့၏ ပြောဆိုမှုသည် လူအများ၏ ဒေါသကို လှုံ့ဆော်ခဲ့ပြီးပါပြီ..။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now