1066 - 1070

170 24 0
                                    

အခန်း(၁၀၆၆) ကျောက်စိမ်းယုန်

မထွက်ခွာခင် ကျိုးဝမ်သည် ဆေးငရုတ်ဆုံက မည်သည့်အရာ နှင့်တူသည်ကို မေးမြန်းခဲ့သော်လည်း ပင်လုံးကြိုင်သစ်တောမှ ထွက်ခွာလိုက်ပြီး တစ်ချက်ကြည့်ရုံဖြင့် သူ သိလိမ့်မည်ဟု လနတ် ဘုရားမက ပြောခဲ့၏။ ၎င်းကို အလွယ်တကူမှတ်မိနေလိမ့်မည်…။

       ယခုအခါ ကျိုးဝမ်သည် အဘယ့်ကြောင့် ၎င်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်သည်ကို သိလိုက်ရသည်။ အဖြူရောင် အရာဝတ္ထုသည် ကြီးမားသောလက်စွပ်ပုံသဏ္ဍာန် တောင်ကြီးတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။ လနတ်ဘုရားမသည် ဤအရာကို ဆေး ငရုတ်ဆုံဟု တကယ်ကြီး ခေါ်ခဲ့သည်။

ကျိုးဝမ်သည် သူ မမှားနိုင်ကြောင်း သိလိုက်သည်။ အဘယ့် ကြောင့်ဆိုသော် ပတ်လည်ရှိ လက်စွပ်ဝိုင်းပုံတောင်များအားလုံးမှာ အညိုရောင် ဖြစ်သောကြောင့်ပင်…။ ဤတောင်တစ်ခုတည်းသာ အဖြူရောင်ဖြစ်နေပြီး အထူးထင်ရှားလှသည်။

        ကျိုးဝမ် သိထားသည်များအရ လပေါ်ရှိ လက်စွပ်ဝိုင်းပုံတောင် အများအပြားသည် ဥက္ကာခဲများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ် သော်လည်း ဤအဖြူရောင်လက်စွပ်ပုံသဏ္ဍာန်တောင်သည် တော် တော်လေး ထူးခြားနေသည်။

လက်စွပ်ဝိုင်းပုံတောင်၏တောင်နံရံမှာ အများကြီး မြင့်မားခြင်း မရှိပါ..။ မီတာ ၂၀၀ မှ ၃၀၀ ခန့်သာရှိသည်။ ကြီးကျယ်ခမ်းနားသော ဗာရာဂျာနွားသိုးက တစ်ချက်ခုန်လိုက်သည်နှင့် တောင်စွန်းနားသို့ ရောက်ရှိသွားပြီး အတွင်းပိုင်းကို သူ့အားမြင်ရစေသည်။

အတွင်းဘက်တောင်နံရံသည် ပိုမိုမြင့်မားသည်။ အမြင့်မီတာ တစ်ထောင်လောက် ရှိနိုင်သည်။ အတွင်းပိုင်းသည် အပြင်ဘက်မှ မြင်ရသည်ထက် အများကြီး ပိုကျယ်ဝန်းသည်..။

        [ တကယ်လို့ ဒါက ဆေးငရုတ်ဆုံတစ်ခု ဖြစ်မယ်ဆိုရင် ဒါကြီး နဲ့ လိုက်ဖက်မယ့် ကျည်ပွေ့က ဘယ်လောက်တောက်ကြီးမားလိုက် မလဲ… ဒီကနေထွက်လာမယ့် ဆေးလုံးကလည်း ဘယ်လောက် တောင် ကြီးလိုက်မလဲ.. လူသားတွေ ဒါကို စားနိုင်ပါ့မလား..]

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now