1216 - 1220

70 7 0
                                    

အခန်း(၁၂၁၆) မျက်နှာမဲ့ဗုဒ္ဓ

        “ မလုံလောက်ဘူး…”

      အကိုကြီး နို့က များစွာရှင်းပြမနေတော့ပါ။ ရိုးရိုးရှင်းရှင်း စကား နှစ်လုံးသာ သူ ပြောလိုက်သည်။

        “ ဘယ်လောက်ထပ်လိုသေးလဲ…”

     ဟွေ့ဝမ်က လေးလေးနက်နက် မေးမြန်းလာခဲ့သည်။

        “ အဆတစ်ရာ ပိုလိမ့်မယ်…”

      အကိုကြီး နို့ သည် ဟွေ့ဝမ်ကို ပြန်စေချင်သောကြောင့်သာ နံပါတ်တစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။ ဟွေ့ဝမ်သည် အချိန်တို အတွင်း အမှန်တကယ်လုပ်နိုင်မည်ဟု သူ မယုံကြည်ပါ..။

        “ ကောင်းပြီ..ကျွန်တော် ပိုက်ဆံပိုရှာမယ်.. ကျွန်တော် ပြန်လာ တဲ့အခါ အားချိုက်နဲ့ လဲလှယ်နိုင်ရမယ်…”

နောက်ဆုံးတော့ ဟွေ့ဝမ်သည်ကလေးတစ်ဦးသာ ဖြစ်နေသေး ပြီး အကိုကြီးနို့၏ စကားကို အလေးအနက် ထားခဲ့သည်။

        “ ကောင်းပြီ… ငါ မင်းတို့ကို အပြင်လိုက်ပို့ပါ့မယ်…”

      အကိုကြီး နို့သည် ကျိုးဝမ် နှင့် ဟွေ့ဝမ်ကို အပြင်သို့ ခေါ်ထုတ် လာခဲ့သည်။

      အကိုကြီး နို့ က ထိုလူများကို အပြင်သို့ ခေါ်ထုတ်လာသည်ကို ကျင်းကြီး မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ သူသည် အကိုကြီး နို့ နှင့် ထိပ်တိုက်တွေ့လိုခြင်း မရှိပါ..။

        “ အားလုံး… သူတို့က ကလေးတွေပါကွာ… သူတို့အတွက် ခက်ခဲအောင် မလုပ်ကြဘဲ ထွက်သွားဖို့ လမ်းဖယ်ပေးနိုင်မလား..”

      အကိုကြီး နို့က လူအုပ်ကြီးကို ကြည့်ပြီး ပြောလိုက်သည်။

        “ အကိုကြီး နို့က ဒီလိုပြောမှတော့ ဒါက နားလည်မှုလွဲတာ ဖြစ်မှာပါ…”

ကျင်းကြီးက ကမန်းကတန်း ထပ်ဖြည့်ပြောလိုက်သည်။

လူအများစုသည် အကိုကြီး နို့၏ ဂုဏ်ဒြပ်ကို ထည့်သွင့်စဉ်းစား ပြီးနောက် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။

ကျိုးဝမ်သည် အကိုကြီး နို့ နှင့်အဖွဲ့ကို ကျေးဇူးတင်နေမိသည်။ ဟွေ့ဝမ်နှင့်အတူ ထွက်ခွာခါနီးတွင် ထူးဆန်းသောခွာသံများကို ရုတ် တရက် ကြားလိုက်ရသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now