991 - 995

1.3K 32 0
                                    

အခန်း(၉၉၁) ကမ္ဘာမြေ၏ ဘုရင်

ပင်လယ်နက်အတွင်းရှိ နန်းတော်သည် ယခုအခါ ဗလာကျင်း နေခဲ့ပါပြီ..။ သာမန်ဒိုင်မေးရှင်းသတ္တဝါများသည် အနားသို့ မချဉ်း ကပ်ဝံ့ကြပါ။ ညဧကရာဇ် နှင့် ပင်လယ်ခုနှစ်စင်းနဂါးဘုရင်တို့သည် ဤနေရာတွင် နေထိုင်ခဲ့ကြပြီး ရှေးဦးမူလမှိုဗီဇပိုးက တစ်ယောက် ကို အများစုထိန်းချုပ်ထားစဉ်တွင် အခြားတစ်ယောက်မှာ ထွက်ပြေး သွားခဲ့လေပြီ..။

ကျိုးဝမ်သည် နန်းတော်တစ်ခုလုံးကို မွှေနှောက်ရှာဖွေသော် လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါ..။

ဤနေရာတွင် နေ့စဉ်သုံးပစ္စည်းအချို့နှင့် စက်ပစ္စည်းအချို့သာ ရှိနေခဲ့သည်။ ဤနန်းတော်သည် သုတေသနအတွက် ညဧကရာဇ် အသုံးပြုသည့်နေရာနှင့် ပိုတူပုံရသည်။

ကျိုးဝမ်သည် ဤနေရာရှိ သုတေသနအချက်အလက်များနှင့် ပစ္စည်းကိရိယာများကို စိတ်မဝင်စားသော်လည်း ဟွေ့ဟိုင်ဖုန်းသည် ၎င်းတို့ကို ရတနာများကဲ့သို့ ဆက်ဆံနေခဲ့သည်။

ကျိုးဝမ်သည် စက်ပစ္စည်းများ နှင့် အချက်အလက်များကို ပြန် လည်သယ်ယူရန် ကူညီပေးရုံတပါး ရွေးချယ်စရာ မရှိတော့ပါ..။ ဟွေ့ဟိုင်ဖုန်း၏ သုတေသန ဦးတည်ချက်များသည် ညဧကရာဇ်နှင့် ဆင်တူသော်လည်း သူသည် အစွန်းရောက်သူ မဟုတ်ပါ..။ သူ ထုတ်လုပ်လာမည့် ရလဒ်များသည် ညဧကရာဇ်၏ရလဒ်များကဲ့သို့ စိတ်မချရသည့် အရာများ ဖြစ်လိမ့်မည် မဟုတ်ပေ..။

မည်သည့်ရလဒ်အကြောင်းများမှ မပြောတော့ဘဲ ကျိုးဝမ် သည် ပင်လယ်ခုနှစ်စင်းနဂါးဘုရင်၏ အသိုက်သို့သာ တစ်ချက်သွား ကြည့်ချင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အပြာရောင်ရေခဲများ ကို ရှာတွေ့ခဲ့သည်။

တူးဖော်ကြည့်လိုက်သည့်အခါ လက်သည်းနှင့်တူသောအရာ တစ်ခုကို တွေ့လိုက်ရသည်။ နဂါးတစ်ကောင်၏ လက်သည်းဖျား ဖြစ်ဖွယ်ရှိသည်။

ဤတွေ့ရှိမှုသည် ကျိုးဝမ်ကို ဝမ်းသာသွားစေခဲ့သည်။ သူသည် ကြောက်ရွံ့ခြင်းအဆင့်တစ်ယောက်အတွက် ပြိုင်ဘက်မဟုတ်သေး သော်လည်း ဤကြောက်ရွံ့ခြင်းအဆင့်ပစ္စည်းများဖြင့် ၎င်းတို့ကို ဒဏ်ရာရရှိစေခြင်း (သို့) သတ်ဖြတ်ခြင်းပင် ပြုလုပ်နိုင်မည့် အခွင့် အရေးရှိနေ၏။ ထို့ကြောင့် ကျိုးဝမ်သည် ဤပစ္စည်းများကို ရတနာ များကဲ့သို့ သဘောထားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now