အခန်း(၁၀၉၁) လူသား
“ ငါလခွမ်း … သူတို့ မနိုင်တော့လို့ သူ့ကို အဆင့်ဇယားကနေ ထုတ်ပယ်လိုက်တယ်… ဒီကောင်တွေ ဒီလောက်အထိ အရှက်မဲ့လှ ချည်လား..”
“ မင်းတို့ ဒီလောက်ရှုံးမှာကြောက်နေရင် မကစားနဲ့လေ.. ငါတို့ ကို ဘာလို့ ကွင်းထဲမှာ ငီးမို့လို့ တိုက်ခိုင်းနေတာလဲ … ဘယ်သူက ပထမနေရာကို ရရမယ်ဆိုတာ မင်းတို့ ဆုံးဖြတ်လို့ မရနိုင်ဘူး…”
“ ယာ… အရမ်း သနားစရာကောင်းတာပဲ…”
“ ကမ္ဘာမြေရဲ့ဘုရင်ကို ဘယ်လိုပဲလှည့်စားပါစေ… ယာ ကသာ စစ်မှန်သော ကမ္ဘာမြေရဲ့ဘုရင်ပါ…”
ချက်ချင်းပင် အဖွဲ့ချုပ်နှင့် ပင်လယ်ရပ်ခြား တစ်ခုလုံး ဒေါသ ပေါက်ကွဲကုန်သော်လည်း အဓိကအချက်မှာ မည်သည့်အရာနည်း။ ယာသည် အဆင့်ဇယားမှ ထုတ်ပတ်ခံနေရသေးသည်။ သူ့အတွက် အဆင့်ဇယားဆီသို့ ပြန်သွားရန် မဖြစ်နိုင်ပါ..။
ကျိုးဝမ်၏ အမူအရာမှာ ဒေါကန်နေသည်။ အောင်ပွဲ (သို့) ရှုံး နိမ့်ခြင်းအကြောင်းကို သူ မတွေးပါ..။
ကျုံးကျီယာ ပထမရနိုင်မလား သို့မဟုတ် နစ်နာမှုများ ခံစားခဲ့ ရမလား စသည်တို့သည် ကျိုးဝမ်အတွက် အရေးမကြီးပါ..။
သို့သော်လည်း ကျုံးကျီယာသည် လောင်းကစားစာချုပ်တစ်ခု ကို ချုပ်ဆိုထားခဲ့သည်။ ပထမနေရာကို သူ မရနိုင်လျှင် လောင်း ကြေးရှုံသွားလိမ့်မည်..။ သူ့ခန္ဓာကိုယ်သည် အုပ်ထိန်းသူထံမှ တုံ့ပြန် မှုတစ်ခုကို ခံစားရမည်ဖြစ်ပြီး သူ့ကိုယ်သူ လုံးဝဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
ယခုအခါ ကျိုးဝမ်သည် ကျုံးကျီယာကို ချက်ချင်း ရှာဖွေချင်ပြီး သူ မည်ကဲ့သို့ဖြစ်နေသည်ကို မြင်ချင်သော်လည်း မည်သည့်နေရာ တွင် ရှိနေမှန်း မသိပါ..။
“ ဂရင်းနတ်ဆိုး… လောင်းကစားစာချုပ်ကို လက်မှတ်ထိုးပြီး လို့ မင်း ရှုံးသွားမယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ…”
ကျိုးဝမ်က ဂရင်းနတ်ဆိုးကို ခေါ်ထုတ်ပြီး အေးစက်သောအမူ အရာနှင့် မေးမြန်းခဲ့သည်။
![](https://img.wattpad.com/cover/357127736-288-k130593.jpg)
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...