1031 - 1035

255 31 1
                                    

အခန်း(၁၀၃၁) အကြွေးတောင်းချိန်တန်ပြီ

        [ ဒီမိန်းကလေးက ဘယ်သူလဲ.. သူမမှာ ဒီလိုမျိုးကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ တကယ်ကြီး ရှိနေတယ်.. သူမက ဒဏ္ဍာရီ ပုံပြင်တွေထဲက ရေခဲနတ်သမီးလား.. မဟုတ်ရင် နှင်းနဂါးလိုမျိုး ထိပ်တန်းအဆင့် ဒဏ္ဍာရီလာသားရဲတစ်ကောင်ကို တစ်ချက်ကြည့် လိုက်ရုံနဲ့ ရေခဲရုပ်တုအဖြစ် ဘယ်လိုလုပ်ပြီး အေးခဲနိုင်မှာလဲ…ဒီလို မျိုး အမျိုးသမီးက တကယ်ပဲ ကျိုးဝမ်ရဲ့ လက်အောက်ငယ်သားလား … အဖေ… ဘယ်လိုလူစားမျိုးကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြံစည်ခဲ့ရ တာလဲ…”

    ဂိုင်းမန်း၏ နှလုံးသားတွင် ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။ သူ့အဖေကိုကယ်တင်ချင်သော်လည်း အန္တိမမိသားစုကလန်သို့ ဘေး ဥပဒ်များ ယူဆောင်လာမည်ကို ကြောက်နေခဲ့သည်။

နှင်းနဂါးသည်ပင် မိန်းကလေး၏ ပေါ့ပေါ့ပါးပါးအကြည့်ဖြင့် ရေခဲရုပ်တုအဖြစ်သို့ အေးခဲသွားခဲ့သည်။ ကျိုးဝမ် ဒေါသထွက်ခဲ့လျှင် ဂိုင်းမန်းသည် ရလဒ်မှာ မည်သို့မည်ပုံဖြစ်လာလိမ့်မည်ကို အမှန် တကယ်မသိတော့ပါ။ သို့သော် ရလဒ်သည် သူခံနိုင်ရည်ရှိသော အရာမဟုတ်ကြောင်း သူ ကောင်းကောင်း သိနေခဲ့သည်။ အန္တိမ မိသားစုကလန်တစ်လုံးပင် ခံနိုင်ရည်မရှိနိုင်ပါ..။

        လက်ရှိ အန္တိမမိသားစုကလန်၏ အဓိကအဖွဲ့ဝင်အနည်းငယ် သည် မင်တက်နေခဲ့သည်။ သူတို့သည် ယာယီအားဖြင့် အသိစိတ် ပျောက်ဆုံးနေခဲ့သည်။

     အကယ်၍ သူတို့ဘက်တွင် အကြောင်းပြချက်ရှိနေလျှင် သေ သည်အထိ တိုက်ခိုက်ရဲသည့်သတ္တိရှိကောင်းရှိနိုင်သော်လည်း ယခု အချိန်တွင် ကိုယ့်ကိုကိုယ် မယုံကြည်နိုင်တော့ပါ..။

ကျိုးဝမ်သည် အေးခဲနေသော ဖရော့ဒ်ကို ကြည့်နေရင်း ရေခဲ မိန်းမပျိုကို မေးမြန်းလိုက်သည်။

        “ ရေခဲတွေ အရည်ပျော်တာ.. ကွဲကြေတာ ဖြစ်နိုင်လား..”

        “ သူ့ခန္ဓာကိုယ်က ကျွန်မကြောင့် အေးခဲနေခဲ့ပါပြီ..တစ်စုံတစ် ယောက်ရဲ့ ခွန်အားက ကျွန်မထက် အားကောင်းနေရင် ရေခဲတွေကို အရည်ပျော်ခြင်း ဒါမှမဟုတ် ကွဲကြေခြင်း ဖြစ်နိုင်ပါတယ် .. ဒါပေ မယ့် အဲဒီလိုဖြစ်လာခဲ့ရင် အတွင်းထဲကလူကလည်း အရည်ပျော် သွားတာ ဒါမှမဟုတ် ကွဲကြေသွားလိမ့်မယ်… ရေခဲမပျက်စီးသရွေ့ သူ သေမှာ မဟုတ်ဘူး…”

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now