အခန်း(၁၁၂၁) တစ္ဆေရထား
ဟွမ်…။
ညကောင်းကင်ယံကို စုတ်ဖြဲဖြတ်ကျော်လာသော ဓားမြည်သံ တစ်ခုနှင့်အတူ ဟွန်းရှင်းဆာကူရာသည် သူ့လက်ထဲရှိ ဓားနှစ်လက် ဖြင့် ထူးဆန်းသောရထားကို ခုတ်ဖြတ်လာခဲ့သည်…။
ဟွန်းရှင်းဆာကူရာ သည် ဓားရှည်တစ်လက်ကို လက်တစ်ဖက် တွင်ကိုင်ထားပြီး အခြားတစ်ဖက်တွင် ဓားတိုတစ်လက် ကိုင်ဆွဲထား သည်။ ဓားနှစ်ချောင်းသည် ပန်းရောင်မီးတောက်များ စီးဆင်းနေပြီး သူ့ခန္ဓာကိုယ်သည် အလွန်ထူးဆန်းနေပုံပေါ်သည်။ သူသည် သာမန် လူသားများနှင့် အလွန်ကွာခြားနေသည်။
ချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားခဲ့သည်။ဤအရာမှာ အုပ်ထိန်းသူချပ်ဝတ်တန်ဆာမဟုတ်ဘဲ သာမန်တွဲဖက်သားရဲ ချပ် ဝတ်တန်ဆာပင်…။
သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှ ပန်း ရောင်မီးတောက်များ စီးဆင်းလာမှုကြောင့် တွဲဖက်သားရဲချပ်ဝတ် သည် ပန်းရောင်ဆိုးထားသလို ဖြစ်နေသည်။ ထို့အပြင် ပန်းရောင် မီးတောက်များ အဆက်မပြတ်စိမ့်ထွက်လာသည်နှင့်အမျှ ၎င်းတို့ သည် ပြန့်ကျဲနေသောနှင်းပွင့်များနှင့် ဆင်တူသည့် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
အလင်းသည် သူ၏ ရှေးဦးမူလစွမ်းအားမှ မဟုတ်ဘဲ အသွေး အသားမှ ထုတ်လွှတ်နေပုံရသည်..။
ကျိုးဝမ်သည် မီးတောက်များအတွင်း စွမ်းအားကြီးသော ဒိုင် မေးရှင်းသတ္တဝါတစ်ကောင်၏ အရှိန်အဝါကို အာရုံခံစားမိသည်…။
[ သူ ရည်ညွှန်းခဲ့တဲ့ ဒဏ္ဍာရီလာအဆင့်သွေးရည်ကြည် ဖြစ်နိုင် မလား… ]
ကျိုးဝမ် တွေးလိုက်မိသည်…။
ဟွန်းရှင်းဆာကူရာသည် ပျံသန်းနေသောအင်မော်တယ်တစ် ပါးနှင့်တူသောရထားဆီသို့ ပြင်းထန်သောပန်းရောင်မီးတောက်များ ဖြင့် ခုတ်ဖြတ်ခဲ့သည်။ သူ့လက်အတွင်းရှိ ဓားသည် ရထားပေါ်သို့ ခုတ်ဖြတ်ခါနီး…။
ဝူ…။
မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့အမြောက်အမြား ထွက်လာစဉ် ရထား၏ ရေနွေးငွေ့ဝီစီသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ဟွန်းရှင်းဆာကူရာ၏ ဓားအလင်းတန်းသည် မီးခိုးများနှင့် တိုက်မိ သောအခါ ချက်ချင်းပင် ဓားကို ဖုံးလွှမ်းသွားခဲ့သည်။ ပန်းရောင် မီးတောက်များမှာ ချက်ချင်း မှေးမှိန်သွားသည်..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
Phiêu lưuGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...