အခန်း(၁၂၉၁) ဆရာကြီးနှစ်ဦးကို ရင်ဆိုင်သော ဓား
“ လိမ်လည်မှုပဲ… ဒါက သောက်ကျိုးနည်း လိမ်ညာမှုကြီးတစ် ခုပါလား… သူက နှစ်ဖက်စလုံးကနေ လိမ်ညာချင်တယ်…”
“ ဝါးနိုင်တာထက် ပိုဝါးမိလို့ အရိုးနင်မှာကို သူ မကြောက်ဘူး လား… တစ်ချိန်တည်းမှာ သူက အုပ်ထိန်းသူများ အသင်းကြီး နဲ့ သန့်စင်သောဝိညာဉ်တော်အသင်းတို့ကို ရန်စလိုက်တယ်… သူက အနာဂတ် ကမ္ဘာကြီးအပေါ်မှာ ရှင်သန်နိုင်ပါဦးမလား..”
“ သူက ဗီးနပ်စ်ဂြိုဟ်ပေါ် ရောက်နေပြီလေ… ကမ္ဘာပေါ်မှာ နေဖို့ သူ့အတွက် မလိုအပ်ပါဘူး…”
“ ဒါက အရှက်ကင်းမဲ့လွန်းတဲ့ ကိစ္စ မဟုတ်တော့ဘူး .. ဒါက လှည်စားမှုတစ်ခုပဲ…”
“ သူက သန့်စင်သောဝိညာဉ်တော်အသင်း ဥက္ကဋ္ဌ နဲ့ အုပ်ထိန်း သူအသင်းကြီးရဲ့ အရှင်သခင် အင်မော်တယ်ကို တစ်ပြိုင်နက်တည်း အနိုင်ယူချင်နေတယ်လို့ ငါ့ကို မပြောပါနဲ့နော်…”
“ ဘာလိုပဲဖြစ်ဖြစ် ဒါကို ငါ မယုံကြည်ဘူး… ဒါက အရမ်း ရယ် စရာကောင်းလွန်းတယ်… ယာရဲ့ ဒဏ်ရာရရှိမှုကို လျစ်လျူရှုထား လိုက်ဦး အင်မော်တယ်က နတ်ဘုရားနဲ့ တူတယ်… သူ့ကို အနိုင်ယူ နိုင်မလားဆိုတာ ပြောဖို့ခက်တယ်..”
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လူတိုင်း သဘော ပေါက်သွားသည့်အခါ အင်တာနက်တွင် ချက်ချင်းပင် ကြွက်ကြွက် ညံစီ ပေါက်ကွဲသွားပါပြီ..။ မျက်နှာပြင်ပေါ်ရှိ အလွှာလိုက်၊ အထပ် လိုက်၊ အလိပ်လိုက် ထပ်နေရင်း မက်ဆေ့ချ်မျိုးစုံသည် ဆက်လက် ပေါ်လာနေသည်။ မက်ဆေ့ချ်အချို့သည် ဖတ်ရန်ပင် မဖြစ်နိုင်ပါ..။
“ အထင်ကြီးစရာပဲ.. တကယ့်ကို အထင်ကြီးစရာကောင်းတယ် … နှစ်ဖက်စလုံးကနေ လိမ်လမ်လှည့်စားနေပေမယ့် သူက ရိုးသား ဖြောင့်မတ်တယ်လို့ အခိုင်အမာဆိုနိုင်ဖို့ဆိုတာ…. ငါက သူ့လောက် ကို အရေမထူသေးဘူး…”
လျှိုယွင် သက်ပြင်းချလိုက်သည်..။
ကျိုးဝမ်သည် လှုပ်ရှားနေခဲ့ပြီ ဖြစ်ပြီး ချက်ချင်းပင် ယာ အနား သို့ တစ္ဆေတစ်ကောင်လို ရောက်ရှိသွားသည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...