1171 - 1175

227 21 0
                                    

အခန်း(၁၁၇၁) အခမဲ့အကျိုးကျေးဇူးများ

        “ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

အနက်ရောင်ဝတ်ရုံလူသည် ကြောင်တက်တက်နှင့် ထရပ်ရန် ပင် မတတ်နိုင်တော့သော မသတ်ဖြတ်ခြင်းတုကူးကို စိုက်ကြည့်နေ မိသည်။ မယုံကြည်နိုင်မှုကို သူ ရှာတွေ့လိုက်သည်။

သို့သော်လည်း ဆုကူယိုမီသည် မသတ်ဖြတ်ခြင်းတုကူး ကို ဂရု စိုက်ခြင်း မရှိပါ။ သူမ၏ အကြည့်များသည် ကျောက်မီးဖိုအပေါ်တွင် သာ စိုက်ကြည့်နေသေး၏။ မတ်တပ်ထရပ်ရင်း တုန်တုန်ယင်ယင် ဖြစ်နေသောမသတ်ဖြတ်ခြင်းတုကူးသည် သူမ၏မြင်ကွင်းကို ထပ်မံ ပိတ်ဆို့သလို ဖြစ်သွားခဲ့သည်။ သူမ၏ မျက်လုံးများ အာရုံစူးစိုက် ကြည့်လိုက်သည်နှင့် မသတ်ဖြတ်ခြင်းတုကူး၏ ခန္ဓာကိုယ်သည် အဝေးသို့ လွင့်စင်သွားစေပြီး ဘေးတွင်ရှိသော ကျောက်နံရံကို ဝင် တိုက်မိသွားစေသည်။ သူ့ဦးခေါင်းခွံမှာ ကွဲကြေသွားပြီး ပွဲချင်းပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်..။

      ဆုကူယိုမီ သည် မသတ်ဖြတ်ခြင်းတုကူး၏ သေဆုံးမှုကို လျစ် လျူရှုထားခဲ့သည်။ ကျောက်မီးဖိုဆီသို့ တစ်လှမ်းချင်း‌ လျှောက်လာ ရင်း သူမ၏အကြည့်များသည် ဤအရာပေါ်တွင် စွဲမြဲနေလျက်…။

ဆုကူယိုမီက လျှောက်လှမ်းလာစဉ် မူလက ရိုးရှင်းပြီး လက်ရာ ကြမ်းတမ်းသော ကျောက်မီးဖိုသည် တုန်ခါလာ၏။

ကျောက်မီးဖိုတွင် ချည်နှောင်ထားသည့် ခြောက်သွေ့ပုပ်ပွနေ သည့်အလောင်းမှာ ပြာဖြစ်သွားခဲ့သည်။ သံကြိုးများလည်း ကွဲကြေ သွားသည်။ နေ၊ လ နှင့် ကြယ်များ၏ အစီအရင်များသည် ထူးဆန်း သော အနက်ရောင်အရှိန်အဝါကို ထုတ်လွှတ်လာသည်။

   ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်များက လူတိုင်း ကို ဆွဲဆောင်နေချိန်တွင် ကျိုးဝမ်သည် သူ၏ လျှို့ဝှက်ဆန်းကြယ် သောဖုန်းကို ခံစားမိသည်။

လျှို့ဝှက်ဆန်းကြယ်သောဖုန်းသည် ခုန်ထွက်တော့မည်ထင်ရ အောင် ပြင်းထန်စွာ တုန်ခါသွားသည်။ ကျိုးဝမ်သည် ဖုန်းကိုထုတ် ယူလိုက်ပြီး လျှို့ဝှက်စွာကြည့်လိုက်သည်။ အမှန်ပင် လူသားသေဆုံး ခြင်းသစ်ပင်က လူးလွန့်နေလျက်…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now