အခန်း(၁၂၂၁) ရွှေသေနတ်
တံခါးခြောက်ပေါက်မှ ပြေးထွက်လာသော သတ္တုအစောင့်များ သည် လှိုင်းလုံးများလို တစ်အုပ်ပြီး တစ်အုပ် ပြေးထွက်လာကြ၏။ ကျိုးဝမ်သည် ဓားချက်ထုတ်ပြီး များပြားလှသည့် သတ္တုအစောင့် အုပ်စုကြီးကို သတ်ဖြတ်ခဲ့သည်။ ဒိုင်မေးရှင်းအမြုတေများ တချွင် ချွင် ကျဆင်းလာသောအသံကို ကြားနေရသည်။
အမြုတေများကြားတွင် ငွေရောင်သတ္တုတွဲဖက်သားရဲဥတစ်ခု ရှိနေသည်။ ၎င်းကို ကျိုးဝမ် ကောက်ယူလိုက်သည်။
သတ္တုအစောင့် : ဒဏ္ဍာရီလာအဆင့်
ဘဝစောင့်ရှောက်သူနတ်ဘုရား : သတ္တုဘဝ
အသက်ဝိညာဉ် : သတ္တုချပ်ဝတ်
ကံကြမ္မာဘီး : ကျည်ဆန်မုန်တိုင်း
ခွန်အား : ၇၈
လျင်မြန်မှု : ၇၁
ကြံ့ခိုင်မှု : ၈၀
ရှေးဦးမူလစွမ်းအား : ၆၇
ထူးချွန်သိုင်းကျွမ်းကျင်မှု
: တိကျသောပစ်ခတ်ခြင်း
: ချပ်ဝတ်ထိုးဖောက်ကျည်ဆံများ
: အရူးအမူးသုတ်သင်ခြင်းတွဲဖက်ပုံစံ : သတ္တုစက်သေနတ်
ကျိုးဝမ်သည် ၎င်းကို တွဲဖက်ပုံစံဖြစ်သော သတ္တုစက်သေနတ် အဖြစ် ဆင့်ခေါ်လိုက်သည်။ သတ္တုအစောင့်သည် သူ့ပြိုင်ဘက်များ လက်ထဲတွင် ရှိနေသည့် တောက်ပသော ငွေရောင်သေနတ်တစ် လက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ခလုတ်ဆွဲလိုက်သည်နှင့် သတ္တုအစောင့်များထံ ကျည်ဆံများ တဟုန်ထိုး ပြေးထွက်သွားသည်။ မီးပွင့်များ ပန်းထွက်ပြီး အဆက် မပြတ်တုန်ခါမှုအောက်တွင် ကျည်ဆံများသည် တစ်တောင့်ပြီး တစ် တောင့် ပစ်လွှတ်သွားပြီး သတ္တုအစောင့်တစ်ယောက်ကို ထိမှန်စေ ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ပျားအုံတစ်ခုလို အပေါက်များပြည့်နှက် သွားသည်။
သို့သော်လည်း သတ္တုအစောင့်၏ဒဏ်ရာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သတ္တုကျည်ဆံများက သူ့အပေါ် ရင်ဆိုင်ရာတွင် လုံးဝ အသုံးမဝင်ပေ..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AbenteuerGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...