အခန်း(၁၁၉၆) မေယုမုန်ညင်းစေ့
“ ဒီတောင်က ဘာတောင်လဲ မင်း သိလား..”
တောင်ဆိတ်က ချရေးရင်း ပြန်ပြီး မေးခွန်းထုတ်လာခဲ့သည်။
“ မသိဘူး..”
ကျိုးဝမ်သည် ဤတောင်မှာမည်သည့်တောင်ဖြစ်သည်ကို မသိ ပေ..။ ယခင် ဤနေရာကို တစ်ခါမှ မရောက်ဖူးသလို တောင်ခြေရင်း တွင် နာမည်ရေးထားသည့် မည်သည့်အထိမ်းအမှတ်ကျောက်တုံးမှ လည်း ရှိမနေပါ..။
“ ပညာမတတ်ခြင်းဟာ ကြောက်စရာကောင်းတယ်… ဒီနေရာ ဟာ နတ်ဘုံဖြစ်တယ်လို့ မင်းသိနေမှတော့ မေယုတောင်အကြောင်း ကို ဘယ်တုန်းကမှ မကြားဖူးဘူးလား…”
တောင်ဆိတ်တွင် အထင်အမြင်သေးသောအမူအရာကို ဆင် မြန်းထားသည်။
“ ဒါက မေယုတောင်လား… ဒါဆို တောင်ထိပ်မှာ ဒဏ္ဍာရီပုံပြင် ထဲက Sakra Buddha (သိကြားမင်း) နေတာလား…”
ကျိုးဝမ်သည် တောင်ထိပ်ကို မော့ကြည့်လိုက်သော်လည်း အဆုံးကို မမြင်တွေ့နိုင်သေးပါ..။
“ မင်း စာတော့ ဖတ်ထားသေးတာပဲ… အဲဒါက အခုအချိန်မှာ စဉ်းစားသင့်တဲ့အရာ မဟုတ်ဘူး… အသီးကို ဆွတ်ဖို့ နည်းလမ်းကို ရှာတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်…”
တောင်ဆိတ်က ဆက်ပြီး ရေးလာခဲ့သည်။
“ မင်းက မေယုဆိုတဲ့စကားလုံးကို ကြားဖူးနေမှတော့ မေယု မုန့်ညင်းစေ့ကို သိသင့်တယ်…”
“ ဒါ… ဒီစကားလုံးကို ကျွန်တော် မှတ်စုထုတ်မှတ်သားမိတယ် မထင်ဘူး… မေယုမုန့်ညင်းစေ့ ဆိုတာ ဘာကိုဆိုလိုတာလဲ…”
ကျိုးဝမ်သည် ဤကဲ့သို့အသိပညာမျိုး အမှန်တကယ်ပင် ရင် ပေါင်တန်း မလိုက်နိုင်တော့ပါ။ မေယုတောင်ဆိုသည်မှာလည်း သူ သည် ဗုဒ္ဓကျမ်းဂန်များကို ဖတ်ရှုချိန်က အခွင့်ကြုံတုန်း မှတ်သားမိ ခဲ့ခြင်းဖြစ်သည်။ သေသေချာချာ အသေးစိတ်လေ့လာခဲ့ခြင်း မဟုတ် ပုံပြင်တစ်ပုဒ်လို ဖတ်ရှုခဲ့ခြင်းမျှသာ…။
တောင်ဆိတ်မှာ အတော်လေး အံ့အားသင့်စရာကောင်း အောင် ရှင်းပြလာခဲ့သည်။
![](https://img.wattpad.com/cover/357127736-288-k130593.jpg)
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventureGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...