1151 - 1155

182 15 0
                                    

အခန်း(၁၁၅၁) ပေါင်းစပ်နိုင်စွမ်း

       ရသေ့၏ ဒဏ်ရာရသော လက်သည် တစ်ချိန်လုံး သက်သာလာ ခြင်းမရှိပါ။ တကယ်တော့ ရသေ့သည် ကုသခြင်းတွင် ကောင်းမွန်လှ သည်။ သူသည် ဘတ်ဇ်၏ ဒဏ်ရာကို ယခင်က ကုသပေးခဲ့ဖူးသူ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်း၏ဒဏ်ရာများမှာ ပြန်လည်ကောင်း မွန်လာခြင်း မရှိပေ..။ ပြတ်တောက်သွားသည့် လက်မောင်းမှ သွေး များ လျင်မြန်စွာ ထွက်မလာသော်လည်း သွေးစက်များက မြေပြင် ပေါ်သို့ တစ်စက်ချင်း ကျဆင်းနေလျက်ရှိသည်။ ဒဏ်ရာသည် ကုသ ၍ မပျောက်ကင်းသည်မှာ ထင်ရှားနေသည်။

   ရသေ့သည် သူ့ဒဏ်ရာကို အဆက်မပြတ်တိုက်စားနေသော ထူးဆန်းသည့်စွမ်းအားတစ်ခုကိုခံစားလိုက်ရပြီး သူ့အလိုလို ပျောက် ကင်းသွားခြင်းကို တားဆီးထား၏။ ဤစွမ်းအား၏ တည်ရှိမှုကြောင့် သူ သည် ထွက်ပြေးမသွားဝံ့ခြင်းပင်..။

ဤအရာအချိန်ကိုက်ဗုံးတစ်ခုလိုမျိုး အချိန်မရွေးပေါက်ကွဲသွား နိုင်သည့် ယောင်ဝါးဝါးခံစားချက်တစ်ခု ရသေ့တွင် ရှိနေသည်...။

       ရသေ့၏ ရုပ်အသွင်အပြင်ကို လူအနည်းငယ်သာ မြင်ဖူးကြ သော်လည်း သွေးထွက်နေသော လက်တစ်ဖက်ဖြင့် ဧည့်ခန်းတံခါးဝ တွင်ရပ်နေခြင်းသည် ကျောင်းသူ၊ ကျောင်းသားများစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုသတင်းသည် ကိပ်မိသားစုထံ လျင်မြန်စွာ ရောက်ရှိသွားသည်။

ဤသတင်းကို ကြားသောအခါ ဘတ်ဇ်၏ နှလုံးခုန်သံသည် ခုန်ပေါက်သွားပြီး သူ့အမူအရာသည် သိသိသာသာ ပြောင်းလဲသွား သည်။ ကောလိပ်ဆီသို့  အလျင်အမြန် ပြေးလာခဲ့သည်။

ဧည့်ခန်းဆီသို့ သူ တိုက်ရိုက်မသွားဝံ့ပါ..။ ထိုအစား သူသည် စောင့်ကြည့်ကင်မရာများမှ တစ်ဆင့် အခြေအနေကို စစ်ဆေးပြီး ယခင်ကင်မရာမှတ်တမ်းကို ကြည့်ရှုလိုက်သည်..။

အရာအားလုံးကို မြင်လိုက်ရပြီးနောက် သူ့နှလုံးသားထဲမှ ရှော့ ရနေမှုမှာ စိတ်ကူးလို့ပင် မရနိုင်ပေ..။

သာမန်ကျောင်းသား၊ ကျောင်သူများသည် ရသေ့မည်သူဖြစ် သည် (သို့) ထိုလူသည် မည်ကဲ့သို့ တည်ရှိမှုဖြစ်သည်ကို မသိနိုင် သော်လည်း ဘတ်ဇ် ကောင်းစွာသိနေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now