အခန်း(၁၀၇၆) အကျိုးဆက်တွေကို ဘယ်တော့မှ ဂရုမစိုက်ဘူး
“ ငါ့အတွက်တော့ မင်းဟာ အနုပညာလက်ရာတစ်ခုပဲ… မင်း ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ဖို့ ငါ့ကို အခွင့်အရေးမပေးစမ်း ပါနဲ့ကွာ…”
“ အနုပညာလက်ရာတစ်ခုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါက ဘာ အလှတရားမှ မပါတဲ့ စုတ်တံတစ်ခု ဖြစ်ချင်တယ်…”
“ မင်းက တိုက်ခိုက်ချင်နေမှတော့ ဒါဆိုလည်း တိုက်ကြမယ်..”
ညဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါလည်း ဒီလိုပဲ တွေးမိတယ်…”
ကျုံးကျီယာ က သူ့ဓားနှင့်ပေါင်းစပ်ပြီး ညဧကရာဇ်ဆီ ဦးတည် သွားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျုံးကျီယာ၏ ဓားနည်းစနစ်များ နှင့် လှုပ်ရှားမှုများမှာ ဒဏ္ဍာရီ လာအဆင့်တွင် ရှိနေပြီး ကျိုးဝမ်ထက် နိမ့်ကျခြင်း မရှိပေ..။ အမှန် တကယ်တော့ သူ၏ ဒဏ္ဍာရီလာအဆင့်အရည်အချင်းများ မြှင့်တင် ပေးမှု အကျိုးဆက်ကြောင့် ကျိုးဝမ်ထက်ပင် ပိုသန်မာလာသည်။
သို့သော်လည်း သူ့လက်ထဲရှိ ရှေးဦးမူလအင်မော်တယ်ဓား မှာ မည်မျှပင်ကြောက်စရာကောင်းနေပါစေ ညဧကရာဇ်၏ အဝတ်စကို ပင် မထိနိုင်ပါ။ ညဧကရာဇ်သည် တစ္ဆေတစ်ကောင်နှင့်တူပြီး သူ့ ပုံရိပ်သည် ခန့်မှန်း၍ မရပေ..။ ကျုံးကျီယာ၏ဓားသည် သူနှင့် သုံး လက်မအကွာတွင် အမြဲရှိနေသောကြောင့် သူ့ကို မထိနိုင်ပါ..။
“ တကယ်ကို ပြီးပြည့်စုံတယ်… ငါထင်မှတ်ထားတာထက် မင်း က ပိုကောင်းတယ်..”
ညဧကရာဇ်သည် ကျုံးကျီယာ၏ဓားချက်များကို ရှောင်ရှားရင်း ချီးမွမ်းလိုက်သည်။
ညဧကရာဇ်က ကျုံးကျီယာကို လှောင်ပြောင်နေသည်ဟု တခြားသူများက ထင်မှတ်နိုင်သော်လည်း ထိုလူ့ထံတွင် လှောင် ပြောင်သည့်ရည်ရွယ်ချက်များမရှိကြောင်း ကျိုးဝမ် သိနေခဲ့သည်။ အဆိုပါစကားများမှာ နှလုံးသားမှခံစားရသည့်အတိုင်း ဖြစ်နိုင်၏။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...