အခန်း(၁၂၁၁) ပြီးဆုံးပြီ
ချော်ရည်များအောက်တွင် သတ္တုနန်းတော်တစ်ခုကို တွေ့နိုင် သည်။ ဤအရာသည် လုံးဝကြေးနီဖြစ်ပြီး ချော်ရည်များဖြင့် ရောစပ် ထားသောကြောင့် ၎င်း၏ ပင်မရင်းမြစ်ကို မြင်ရန် ခက်ခဲစေသည်။
ကျိုးဝမ်သည် သတ္တုနန်းတော်ကို အတန်ကြာသည့်တိုင်အောင် ဂရုတစိုက် လေ့လာခဲ့ရာ စက်ဝိုင်းခြမ်းတစ်ခုနှင့်တူကြောင်း အကြမ်း ဖျင်း ပုံဖော်နိုင်ခဲ့သည်။ သို့သော်လည်း ဤအရာသည် အပေါ်ခြမ်း တစ်ဝက်မျှသာ ရှိနေသည်။ အောက်ပိုင်းတစ်ဝက်ကို သူ မမြင်နိုင် သလို ၎င်းသည် မည်မျှကြီးကြောင်းလည်း မသိနိုင်ပါ..။
စက်ဝိုက်ခြမ်းအဆောက်အဦး၏ ရှေ့မျက်နှာစာသည် အချင်း မီတာတစ်ထောင်ကျော်ရှိသည်။ ၎င်း၏ မျဉ်းပြိုင်တစ်လျှောက်တွင် လတ္တီတွဒ်ကဲ့သို့ တွင်းမြောင်းလေးများ ရှိနေသည်။ မျဉ်းပြိုင်ထိပ်ဆုံး တွင် စင်မြင့်တစ်ခုကို မြင်နိုင်သည်။ ၎င်းသည် စက်ဝိုင်းပုံဖြစ်ပြီး အချင်း ၂၀ မီတာ မှ ၃၀မီတာခန့်ရှိသည်။ ဝင်ပေါက်တစ်ခုဟု ထင်ရ သော်လည်း အလုံပိတ်ထားခဲ့သည်။ ကြားကွက်လပ်များ၊ ခလုတ် များ (သို့) လက်ကိုင်များ မရှိခဲ့ပါ..။
ကျိုးဝမ် သည် အကြာကြီး ကြည့်နေပြီး အဆောက်အဦးက မည်သည့်အရာဖြစ်သည်ကို မသေချာပါ..။
သူ့အကြည့်များသည် စက်ဝိုင်းခြမ်း၏ ထောင့်တစ်နေရာသို့ မတော်တဆဖြတ်ကျော်သွားစဉ် ကျိုးဝမ်၏မျက်လုံးများသည် ရုတ် တရက် တောက်ပလာခဲ့သည်။ လောင်ဂျီတွဒ် နှင့် လတ္တီတွဒ်မျဉ်း ကြောင်းများ နှင့် မျဉ်းပြိုင်များကြောင့် ဖြစ်ပေါ်လာသော ဇယား ကွက်အတွင်း အောက်ခြေအစွန်အဖျားတွင် ရေးထွင်းထားသော လက်ဝါးသင်္ကေတလေးတစ်ခု ရှိနေ၏။ လက်ဝါးအတွင်း ရွှေရောင် စက်ဝိုင်းသင်္ကေတစ်ခု ရှိနေသည်။ ဗီးနပ်စ်ဂြိုဟ်နှင့် တူသည်။
[ တကယ်ကို လက်ဝါးသင်္ကေတလေးတစ်ခု ရှိတယ်..]
ကျိုးဝမ် သည် အံ့အားသင့်ပြီး ကျေနပ်နေမိသည်။
သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်နိုင်မလား သိရှိနိုင်ရန် ကုဗတုံး၏ မျက် နှာပြင်မှန်အနားသို့ ကိုင်ထားခဲ့သော်လည်း အသုံးမဝင်ကြောင်း နား လည်သွားခဲ့သည်။ အကယ်၍ သူသည် ဗီးနပ်စ်ပေါ်တွင် အမှန် တကယ်ရပ်နေခဲ့လျှင်ပင် ဝေးကွာလွန်း၏။ သူသည် ချော်ရည်များ အတွင်းသို့ ငုပ်လျှိုးကာ အနီးကပ်ဓာတ်ပုံရိုက်ယူရမည်ဖြစ်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
MaceraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...