အခန်း(၁၁၁၆) ကောင်းကင်ပျံသန်းခြင်းအင်မော်တယ်နန်းတော်
ဝူကျုံးလေ့တို့အဖွဲ့သည် သူမပြောသည်ကို ကြားရသောအခါ အဓိပ္ပါယ်ရှိကြောင်း ရုတ်တရက် ခံစားခဲ့ရသည်။
ထိုလူများက သူမအား ယုံကြည်လာပုံပေါ်သည်ကို မြင်ရသော အခါ ကျီမိုချင်းသည် သံကို ပူနေတုန်းထုရိုက်ခြင်းကဲ့သို့ ဆက်လက် ပြောဆိုလာခဲ့သည်…။
“ အခု ကျွန်မရဲ့ဆရာက မသေဆေးလုံးယူဖို့ တောင်ထိပ်ကို တက်သွားခဲ့ပြီ… မသေဆေးလုံးနဲ့ သူပြန်ဆင်းလာချိန်မှာ ကျွန်မကို မတွေ့ဘူးဆိုရင် ရှင်တို့ ဒုက္ခရောက်လိမ့်မယ်… ဒါကြောင့် ရှင်က ကျွန်မကို လွှတ်ပေးပြီး ယဉ်ကျေးကျေး ဒူးထောက်တောင်းပန်မယ် ဆိုရင် ရှင့်အတွက် ကောင်းတဲ့စကားနည်းနည်းပြောပေးပြီး ရှင့် အသက်ကိုတောင် ချမ်းသာပေးနိုင်ပါတယ်…”
သို့သော်လည်း ဝူကျုံးလေ့သည် သူမကို မယုံကြည်နိုင်ပါ။ သူ က နှာတစ်ချက်မှုတ်ရင်း လှောင်ပြောင်သံနှင့် ပြောလာခဲ့သည်။
“ ဒါဆိုလည်း အော်လေ… မင်းရဲ့ လူသားအချုပ်အခြာအာဏာ ကြီးခေါ်ပြီး ငါတို့ကို သတ်ခိုင်းလိုက်လေ…”
ကျီမိုချင်းသည် အလွန်ငယ်ရွက်သေးသည်။ သူမ၏နှလုံးသား အတွင်း ညည်းညူနေမိခဲ့သည်။ ဝူကျုံးလေ့သည် တစ်ခါခံထားရပြီး ဖြစ်သောကြောင့် သူမကို လုံးဝမယုံကြည့်သည့်ပုံပေါ်သည်။ ၎င်းကို ထပ်ပြီး အလွယ်တကူ အရူးလုပ်ရန် မဖြစ်နိုင်ပေ…။
ဝူကျုံးလေ့သည် ကျီမိုချင်း၏ အကြည့်များကို မြင်သောအခါ သူ့ခန့်မှန်းချက်များ မှန်ကန်ကြောင်း သိလိုက်သည်။ သူ ဝမ်းမြောက် ဝမ်းသာဖြစ်သွားပြီး အပြုံးတစ်ပွင့်နှင့် ပြောလာခဲ့သည်။
“ ဒီနေရာမှာ လူသားအချုပ်အခြာအာဏာမရှိနိုင်တဲ့ အချက် ကို မေ့ထားလိုက်ပြီး သူရှိနေခဲ့ရင်တောင် ပြန်မသွားနိုင်တော့အောင် သေချာပေါက် ငါ ပြုလုပ်ပေးရလိမ့်မယ်… သိုင်းရူးသွပ်သူ..ငါက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ တစ်လောကလုံး သိသွားကြ မှာဆိုတော့ ဒါက အရမ်းကောင်းတယ် … မင်းတို့ဆရာတပည့် နှစ်ယောက်က ငါ့ဆီက သနားညှာတာမှုရဖို့အတွက် အတူတူ ဒူးထောက်တောင်းပန်ရတာ ဖြစ်လိမ့်မယ်…”
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
ПриключенияGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...