အခန်း(၁၂၂၆) အကန့်အသတ်မဲ့နတ်ဆိုးနဂါးဘုရင်
[ စောင့်ကြည့်ရမယ်…]
ကျိုးဝမ်သည် အလျင်စလို ဦးတည်မသွားခဲ့ပါ…။ အခြေအနေ ကို ဦးစွာ နားလည်ရန် သူ စီစဉ်ထားခဲ့သည်။
သူ၏ အဓိကရည်ရွယ်ချက်မှာ နဂါးနက်၏ အဆင့်ကို ဆုံးဖြတ် ရန် ဖြစ်သည်။ ၎င်းသည် ဘေးဥပဒ်ကပ်ဘေးအဆင့်သတ္တဝါနှင့် မတူ သော်လည်း ရှေးရိုးစကားရှိသည်မဟုတ်ပါလား…။ စာအုပ်တစ်အုပ် ကို အဖုံးကြည့်ရုံဖြင့် မဆုံးဖြတ်နိုင်ပေ..။ အကယ်၍ ၎င်းသည် ဘေး ဥပဒ်ကပ်ဘေးအဆင့်သတ္တဝါဖြစ်နေပါက ကျိုးဝမ်က အကျိုးအမြတ် ကို သွားကောက်ယူခဲ့လျှင် အသတ်ခံရနိုင်သည်..။
ကျိုးဝမ် တစ်ယောက်တည်း မဟုတ်ပါ။ အဖွဲ့ချုပ်ရှိ လူများစွာ သည် သူတို့၏ မျက်လုံးများ ပြူးထွက်မတတ် မျက်နှာပြင်ကို အာရုံ စိုက်နေကြသည်။ အမျိုးမျိုးသောဂိုဏ်း၊ မိသားစု၊ အုပ်စုများမှ အကြီး အကဲများစွာသည် ဗီးနပ်စ်ဂြိုဟ် ဒိုင်မေးရှင်းချိတ်ဆက်မှုနယ်မြေ အကြောင်း နှင့် ကုဗတုံးက အဘယ့်ကြောင့် ထုတ်လွှင့်နေသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။
နဂါးနက်ကြီးသည် ဒိုင်မေးရှင်းချိတ်ဆက်မှုနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အတွင်းပိုင်းအခြေအနေမှာ ယခင်အတိုင်း ဖြစ်သည်။ တံခါးခြောက်ပေါက်သည် ပိတ်ထားပြီး အခန်းအတွင်း သတ္တုအစောင့်တစ်ခုသာ ရှိနေသည်။
ဤအရာသည် ကျိုးဝမ် စိတ်ကူးထားသည့်အတိုင်း ဖြစ်သည်။ လက်တွေ့တွင် စိန်ခေါ်သူသည် ဗီးနပ်စ်ဂြိုဟ်ဒိုင်မေးရှင်းချိတ်ဆက် မှုနယ်မြေအတွင်းသို့ ဝင်ရောက်သွားချိန်တိုင်း တူညီသော ဒိုင်မေး ရှင်းမျိုးနွယ်ခြားသတ္တဝါအရေအတွက် ပေါ်လာလိမ့်မည်။ ၎င်း၏ မြေပုံကို အသစ်ပြန်စတင်လိုက်သည့် ဂိမ်းတစ်ခုလို ခံစားရသော် လည်း ခြားနားသောခံစားချက်လည်း ရှိနေသည်။
နဂါးနက်က နဂါးငွေ့ကို မှုတ်ထုတ်လိုက်ပြီး သတ္တုအစောင့် ကို သတ်ပစ်ခဲ့သည်။ လွယ်ကူနေပုံပေါ်ပြီး ၎င်းသည် ကြောက်ရွံ့ခြင်း အဆင့် (သို့) အထက်အဆင့်တွင် သေချာပေါက် ရှိနေလိမ့်မည်..။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
Phiêu lưuGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...